Tuesday, November 22, 2016

ရှမ်းမြောက်တွင် နေရာသုံးနေရာ၌ တိုက်ပွဲ ဆက်လက်ဖြစ်ပွား

မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့ သည် နိုဝင်ဘာ ၂၁ ရက်က ရှမ်း ပြည်နယ်မြောက်ပိုင်းရှိ ဒေသ သုံး ခုခန့်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း သတင်း ရရှိသည်။ တပ်မတော်နှင့် အဆိုပါ လက်နက်ကိုင် အဖွဲ့လေးဖွဲ့တို့ သည် မုံးကိုး၊ ကွတ်ခိုင်၊ မန်တုံနှင့် သိန်းနီကြားဒေသများတွင် တိုက် ပွဲများ ဆက်လက် ဖြစ်ပွားနေ ကြောင်း တအာင်းအဖွဲ့(TNLA)အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာ့ဘုန်းကျော်က ပြော သည်။ ‘‘ကျွန်တော်တို့က ဒီစစ်ပွဲကို အခု စစ်ရေးပူးပေါင်းမှုကို လုပ် ချင်လို့ လုပ်ရတာမဟုတ်ဘူး။ နိုင် ငံရေးပြဿနာကို နိုင်ငံရေးနည်း အရ ဖြေရှင်းနိုင်ဖို့ လုပ်ရတာဖြစ် တယ်။ မြန်မာနိုင်ငံ ပြည်တွင်းစစ် ကို ရပ်စဲနိုင်ဖို့ လုပ်ရတာဖြစ်တယ်။တိုက်ပွဲဖြစ်ပြီဆိုရင် နှစ်ဖက်ထိ ခိုက်နစ်နာမှုတွေ ရှိနိုင်တယ်။ လူ ထုတွေက စစ်ဘေးဒဏ်ကို ရင် ဆိုင်ကြရမှာဖြစ်တယ်။ အဲဒီအတွက် လူထုကို မေတ္တာရပ်ခံချင် တာက တိုက်ပွဲဖြစ်တဲ့ ဒေသကို အတတ်နိုင်ဆုံးရှောင်ရှားပေးကြ ပါ’’ဟု ၎င်းက ပြောသည်။



နိုင်ငံတော် အတိုင်ပင်ခံရုံး နှင့်တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးတို့က ရှမ်းပြည်နယ်မြောက် ပိုင်းရှိ တပ်မတော်နှင့် ရဲတပ်ဖွဲ့ စခန်းများ၊ တရုတ်နယ်စပ်ကုန် သွယ်ရေးမြို့ မူဆယ်ဒေသတို့ကို နိုဝင်ဘာ ၂၀ ရက်တွင် ကေအိုင် အေ၊ TNLA၊ ကိုးကန့် ပူးပေါင်းအ ဖွဲ့များက အင်အားသုံး၍ စီမံချက် ဖြင့် စတင်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၂၀ ရက် တိုက်ပွဲ ဖြစ်စဉ်များမှ ပစ်ခတ်မှုများတွင် အရပ်သားလေးဦးအပါအဝင် ကိုး ဦးသေဆုံး၍ ၂၉ ဦးဒဏ်ရာရရှိခဲ့ သည်။တိုက်ပွဲများကြောင့် စစ်ဘေး ရှောင်ဒေသခံ ၂,၆၃၆ ဦးသည်မူဆယ်မြို့ပေါ်ရှိ နမ့်ခွန်ကျောင်း၊ မဟာဝန်မြောက်ကျောင်း၊ စေတဝန်ကမ္မဋ္ဌာန်းကျောင်း၊ ကချင်နှစ်ခြင်း ခရစ်ယာန်ကျောင်းများနှင့် အောင်မင်္ဂလာကျောင်းများသို့ ရောက်ရှိ နေကြောင်း အစိုးရ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာ ၂၁ ရက် နံနက် ၆ နာရီတွင် လက်နက်ကိုင်အင်အား တစ်ရာခန့်က မူဆယ်မြို့နယ် ပန် ဆိုင်းရဲစခန်းကို လာရောက်ပစ် ခတ်မှုကြောင့် ထိတွေ့မှုများဖြစ် ပွားခဲ့ကြောင်း နိုင်ငံတော်အတိုင် ပင်ခံရုံးက သတင်း ထုတ်ပြန် သည်။  ထို့အပြင် နမ္မတူမြို့နယ် နမ္မ တူ-ဘော်တွင်းသွားကားလမ်းရှိ သစ်သားတံတား ပေါက်ကွဲမှု ဖြစ် ပွားခဲ့၍ ယာဉ်များသွားလာ မရတော့ကြောင်း သတင်းရရှိသည်။

TNLA နှင့် RCSS တပ်ဖွဲ့တို့ သည်လည်း မန်တုံမြို့နယ်တွင် နို ဝင်ဘာ ၂၁ ရက် တစ်ရက်တည်း တိုက်ပွဲငါးနေရာဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲများကြောင့် ယင်းဒေသရှိ ကျေးရွာသုံးရွာမှ ဒေသခံများ နေရပ်ကို စွန့်ခွာသွားကြောင်း TNLA အဖွဲ့က နိုဝင်ဘာ ၂၁ ရက်ညတွင် သတင်းထုတ်ပြန်သည်။

No comments:

Post a Comment