Wednesday, November 23, 2016

မန္တလေး ကျောက်စိမ်းဈေးကွက် ပြန်လည် စည်ကားစပြုလာပြီး လက်ကောက်နှင့် ဖန်စီပစ္စည်းများ အရောင်းသွက်နေ

မန္တလေး မြို့၏အဓိကကျောက်စိမ်းဈေးကွက် ဖြစ်သော မဟာအောင်မြေကျောက် မျက်ရတနာရောင်းဝယ်ရေးစခန်းတွင် ယခုရက်ပိုင်းအတွင်း ရောင်းသူဝယ်သူများဖြင့် ပြန်လည်စည် ကားစပြုလာပြီး လက်ကောက်နှင့် ဖန်စီပစ္စည်းများသိသာစွာအရောင်းသွက်လျက်ရှိကြောင်း ကျောက်စိမ်းကုန်သည်များနှင့်ပွဲစားများထံမှ သိရသည်။ ''ကထိန်တွေခင်းကြတဲ့ တန် ဆောင်မုန်းလပြည့်နေ့နောက်ပိုင်း စတင်ပြီးတော့ တရုတ်ဝယ်လက်တွေ ဝင်ရောက်မှုရှိသလို ဈေးကွက်ကအ နည်းငယ်သွက်လက်လှုပ်ရှားလာတာပါ။ လက်ကောက်ဈေးကွက်မှာဆိုရင် ကျပ် ၇ဝဝဝ၊ ကျပ် ၈ဝဝဝ ဝန်းကျင်ရှိတဲ့ လက်ကောက်တွေ အရောင်းသွက်နေတာကြောင့် သွေးခုံအလုပ်သမားတွေအတွက် နေ့စဉ်ပုံမှန် အလုပ်အကိုင်ရရှိလျက်ရှိပါတယ်။ နိုင်ငံခြားသားခရီးသည်အများစုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ စခန်းထဲကိုလာရောက်လေ့လာကြတာဖြစ်ပြီး သူတို့နှစ်သက်တဲ့ ဖန်စီပစ္စည်း မျိုးတွေ့ရှိရင်တော့ ဈေးကောင်းပေး ဝယ်ယူသွားတတ်ကြပါတယ်''ဟု ဝါရင့်ကျောက်ကုန်သည်တစ်ဦးဖြစ်သည့် ဦးမျိုးအောင်က နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

စခန်းအတွင်းရှိ အပွင့်ဝိုင်း၊ လွှာချပ်နှင့်ဝိုင်း၊ လက်ကောက်ဝိုင်း၊ ခွင်ဝိုင်း၊ ပျံကျမီးထိုးဝိုင်းနှင့် မိုးကုတ်နီပြာဝိုင်းတို့၌ စည်ကားမှုရှိနေ ခြင်းဖြစ်ရာ ကျောက်စိမ်းဆက်စပ် နေသောလုပ်ငန်းများဖြစ်သည့် ဖြတ်ခုံ၊ ဖောက် ခုံနှင့်သွေးခုံလုပ်ငန်းရှင်များမှာ အပ်ထည်များနေ့စဉ်ပုံမှန် ရရှိလာသောကြောင့် ဝင်ငွေကောင်းမွန်လာပြီဖြစ်ကြောင်း၊ နိုင်ငံတကာ ခရီးသွားရာသီဖြစ်သောကြောင့် စခန်းအတွင်းသို့ နိုင်ငံခြားသား ခရီးသည်များ ယခင်လ များထက် သိသာစွာပိုမိုဝင်ရောက်လေ့လာမှုရှိလာပြီး ဖန်စီပစ္စည်းများကိုသာ စိတ်ဝင်တစားဝယ်ယူမှုရှိကြောင်း သိရသည်။ စခန်းအတွင်း၌ ကျောက်စိမ်းဝယ်ယူသူက ယုံကြည်မှုကို အလွဲသုံးစားပြုလုပ်ခြင်း၊ တိကျသတ် မှတ်ထားသည့် ဥပဒေနှင့်လုပ်ထုံးလုပ်နည်း ဥပဒေမရှိမှုကို အခွင့်ကောင်းယူ၍ လိမ်လည်မှုများဖြစ်ပွားလာမှုရှိလာ သောကြောင့် မန္တလေးကျောက်စိမ်း လောကသားများအနေဖြင့် ကျောက်စိမ်းနှင့်ပတ်သက်သော တူးဖော်၊ ထုတ်လုပ်၊ ရောင်းချဝယ်ယူမှုဆိုင်ရာ ဥပဒေတစ်ခုခိုင်ခိုင်မာမာပေါ် ပေါက်လာရေးအတွက် မျှော်လင့် နေကြောင်း သိရသည်။
KSA

No comments:

Post a Comment