Wednesday, November 30, 2016

အလဲဗင်းမီဒီယာ ဂရုရဲ့ အမှုမှာ အာမခံ လျှောက်ထားမှုကို တရားရုံး ပယ်ချ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ဃ နဲ့ တရားစွဲဆိုထားတဲ့ အလဲဗင်းမီဒီယာ ဂရုရဲ့ စီအီးအို ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ရဲ့ အာမခံလျှောက်ထားတာကို တာမွေမြို့နယ် တရားရုံးက ပယ်ချလိုက်ပါတယ်။ ဒီလို ၆၆ဃ နဲ့တရားဆွဲဆိုတာနဲ့ ပတ်သက်ပြီး အခြားအမှုတွေကို အာမခံပေးတာတွေ ရှိပေမယ့် အလဲဗင်းမီဒီယာ ဂရုရဲ့ အမှုကို အာမခံမပေးတာဟာ တရားမျှတမှု မရှိပါဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကပြောပါတယ်။ ပထမဆုံးရုံးထုတ်တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့က လျှောက်ခဲ့တဲ့ အာမခံကို ပယ်ချလိုက်တာ ဖြစ်ပြိး ဒီဇင်ဘာ ၉ ရက်နေ့ကို ထပ်ပြီး ရုံးချိန်းသတ်မှတ်လိုက်ပါတယ်။

No comments:

Post a Comment