Saturday, November 19, 2016

ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်မှာ ဓာတ်အားခွဲရုံ ဆောက်မည်

ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်မှာ လျှပ်စစ်ဓါတ်အား သုံးစွဲသူ လစဉ်မြင့်တက်လာခြင်းနှင့် ဓာတ်အားလိုင်း ရှည်လျားလာခြင်း တို့ကြောင့် ဗို့အားကျဆင်းလာပြီး အခက်အခဲရှိလာသဖြင့် 5MVA ဓါတ်အားခွဲရုံအား တည်ဆောက်ပေးဖို့ လေးမျက်နှာမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်ဦးစိုးခိုင်းက နိုဝင်ဘာ ၁၈ ရက်က ကျင်းပတဲ့ တိုင်းလွှတ်တော်တွင် မေးမြန်းခဲ့ပါတယ်။ တိုင်းအစိုးရ လျှပ်စစ်စွမ်းအင်ဝန်ကြီးက ၂၀၁၇-၁၈ ဘက်ဂျက်တွင် တည်ဆောက်ပေးမည်ဖြစ်ပြီး တင်ဒါခေါ်ယူသွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

No comments:

Post a Comment