Thursday, November 24, 2016

မြန်မာအသင်း ဖိအားများကို လျှော့ချပေးခဲ့သည့် ဇော်မင်းထွန်း အုပ်စုနောက်ဆုံးပွဲတွင် မလေးရှားအသင်းကို သရေကျရုံဖြင့် မြန်မာ အကြိုဗိုလ်လုပွဲတက်မည်

 ၂ဝ၁၆ အာဆီယံ ဆူဇူကီးဖလားဘောလုံးပြိုင်ပွဲ အုပ်စု(ခ) ဒုတိယပွဲတွင် အိမ်ရှင်မြန်မာ အသင်းက ကမ္ဘောဒီးယားအသင်း ကို  ၃-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိ ကာ အကြိုဗိုလ်လုပွဲ တက်ရောက် ရန် မျှော်လင့်ချက်ရှင်သန်လာ သည်။ နိုဝင်ဘာ ၂၃ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ယင်းပွဲတွင် ကမ္ဘောဒီးယားအသင်းက ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း မြန်မာအသင်းက ဇော်မင်းထွန်းနှင့် အောင်သူတို့၏ သွင်းဂိုးများကြောင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ြ မန်မာအသင်းသည် ဗီယက် နမ်နှင့် ပွဲထွက်လူစာရင်းမှ နှစ်နေ ရာကိုသာ အပြောင်းအလဲပြုလုပ် ခဲ့ပြီး မျိုးကိုထွန်းနှင့် ကျော်ဇင်လွင် တို့ကို ပွဲထွက်ကစားစေခဲ့သည်။ ပွဲအစပိုင်းတွင် ကမ္ဘောဒီးယားအ သင်းက ဖိအားပေးခဲ့ပြီး ပွဲချိန် ၁၄ မိနစ်တွင် ဆော်ဗန်က ဦးဆောင် ဂိုးသွင်းယူခဲ့သည်။




မြန်မာနှင့်ကမ္ဘောဒီးယားပွဲစဉ်ကို အားပေးနေသည့် ပရိသတ်များ (ဓာတ်ပုံ − နစ်ကီ)

ဂိုးပေးလိုက်ရပြီးနောက် ဖိအားဝင်ခဲ့သည့် မြန်မာအသင်း သည် ပိုမိုအားထုတ်ကစားခဲ့ပြီး ပွဲချိန် ၃၅ မိနစ်နှင့် ၄ဝ မိနစ်တို့တွင် နောက်ခံလူ ဇော်မင်းထွန်း၏ ခေါင်းတိုက်သွင်းဂိုးနှစ်ဂိုးဖြင့် ပွဲကို ပြန်လည်ဦးဆောင်နိုင်ခဲ့သည်။

မြန်မာအသင်းအနေဖြင့် ယနေ့ပွဲတွင် နိုင်ပွဲရရှိခဲ့သော်လည်း အသင်းလိုက်နှင့် တစ်ဦးချင်းအလိုက် အကောင်းဆုံးပုံစံ မရရှိသေးဘဲ ရရှိသည့် အခွင့်အရေးအ များစုကိုလည်း တိုက်စစ်ပိုင်းက ထိရောက်စွာ အသုံးမချနိုင်ခဲ့သ ဖြင့် ယခုထက် သွင်းဂိုးပိုမရရှိ ခြင်းဖြစ်သည်။

မြန်မာအသင်း၏ နိုင်ပွဲတွင် ဇော်မင်းထွန်း၏ ချေပဂိုးနှင့် ဦး ဆောင်ဂိုးက အရေးပါခဲ့ပြီး ၎င်း သွင်းဂိုးများက ပွဲအလှည့်အ ပြောင်း ဖြစ်စေခဲ့ခြင်းဖြစ်သည်။

ဒုတိယပိုင်းတွင် မြန်မာအ သင်းကသာ ပွဲချိန်အများစုကို ထိန်းချုပ်ခဲ့ပြီး အနိုင်သေချာစေ မည့် တတိယဂိုးကို ပွဲချိန် ၅၆ မိနစ်တွင် တိုက်စစ်မှူးအောင်သူက သွင်းယူခဲ့ခြင်းဖြစ်သည်။

အုပ်စု(ခ) ဒုတိယပွဲများအ ပြီးတွင် နှစ်ပွဲဆက်အနိုင်ရရှိထား သည့် ဗီယက်နမ်အသင်းက ပွဲစဉ်မကုန်မီ အကြိုဗိုလ်လုပွဲတက် ရောက်ခွင့်ရရှိထားပြီး အုပ်စုတွင် ဦးဆောင်ထားသည်။ မြန်မာနှင့် မလေးရှားအသင်းတို့က တစ်ပွဲ နိုင်၊ တစ်ပွဲရှုံးရလဒ်ရရှိကာ ရမှတ် သုံးမှတ်စီ ရရှိထားသော်လည်း ဂိုးကွာခြားချက် အသာရရှိထား သည့် မြန်မာအသင်းက ဒုတိယနေရာနှင့် မလေးရှားအသင်းက တတိယနေရာ၌ အသီးသီး ရပ်တည်နေသည်။ နှစ်ပွဲဆက် ရှုံးပွဲတွေ့ခဲ့သည့် ကမ္ဘောဒီးယားအသင်းမှာ အုပ်စုပွဲစဉ်မကုန်မီ အုပ်စုအဆင့်ကို နှုတ်ဆက်ရပြီဖြစ် သည်။


ပွဲအပြီး ပရိသတ်များကို နှုတ်ဆက်နေသည့် မြန်မာအသင်း (ဓာတ်ပုံ − နစ်ကီ)

အုပ်စု(ခ) အုပ်စုနောက်ဆုံး ပွဲစဉ်များကို နိုဝင်ဘာ ၂၆ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဗီယက် နမ်နှင့် ကမ္ဘောဒီးယားပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိကွင်း၌လည်း ကောင်း၊ မြန်မာနှင့် မလေးရှားပွဲ စဉ်ကို  ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ လည်းကောင်း ညနေ ၆ နာရီ၌ တစ်ပြိုင်တည်း ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

မြန်မာအသင်းသည် အကြို ဗိုလ်လုပွဲတက်ရောက်ရန် မလေးရှားအသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ်၌ အနည်းဆုံး သရေရလဒ် ရရှိရန် လိုအပ်မည်ဖြစ်သည်။

မလေးရှားအသင်းအနေဖြင့် အုပ်စုနောက်ဆုံးပွဲတွင် အနိုင်ရရှိ မှသာ အကြိုဗိုလ်လုပွဲ တက် ရောက်မည်ဖြစ်သော်လည်း ယင်း ပွဲတွင် အိမ်ရှင်မြန်မာအသင်းက ဖိအားပိုရှိမည်ဟု မလေးရှားအ သင်းနည်းပြအွန်ကင်ဆွီးက ပြောသည်။

မြန်မာနိုင်ငံက ဘင်္ဂါလီများ အား ပြုမူဆက်ဆံနေခြင်းကို သ ပိတ်မှောက် ဆန္ဒဖော်ထုတ်သည့် အနေဖြင့် မလေးရှားအသင်းက ဆူဇူကီးပြိုင်ပွဲကို ဆက်လက်မယှဉ်ပြိုင်ရန် စဉ်းစားနေကြောင်း မလေးရှား လူငယ်နှင့်အားကစားဝန်ကြီးက ပြောကြားသည်ဟု မလေးရှား သတင်းဌာနအချို့က ဖော်ပြခဲ့သော်လည်း မလေးရှားနည်းပြက မူ မြန်မာနှင့်ပွဲကို ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အတည်ပြုသည်။ ချစ်ဝိုင်း

No comments:

Post a Comment