Wednesday, November 23, 2016

လွှတ်တော်ထဲတွင် ကိုယ်စားလှယ် မေးခွန်းမေးနေသည့် အချိန်တွင် လက်ခုပ်မတီးရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ပြောကြား

လွှတ်တော်ထဲတွင် ကိုယ်စားလှယ် မေးခွန်းမေးနေသည့် အချိန်တွင် လက်ခုပ်မတီးရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က နိုဝင်ဘာ ၂၃ ရက် လွှတ်တော် အစည်းအဝေးတွင် သတိပေးပြောကြားလိုက်သည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး တွင် ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ဦးဖြိုးဇေယျာသော် က မြန်မာနိုင်ငံအတွင်း ဟိုတယ်နှင့် တည်းခိုးခန်းများ ဖွင့်လှစ်ရန် လုပ်ငန်းလိုင်စင်များ လျှောက်ထားခြင်း၊ ခွင့်ပြုခြင်းတို့နှင့် စပ်လျဉ်း၍ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနကသာ တာဝန်ယူ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်း၍ မေး ခွန်း မေးမြန်းနေစဉ် ကိုယ်စားလှယ်အချို့က လက်ခုပ်တီးခဲ့ခြင်းကြောင့် လွှတ်တော်ဥက္ကဋ္ဌ က သတိပေးမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ “နိုင်ငံရေးစင်မြင့် မဟုတ်ဘူး ၊ လူထုဟောပြောပွဲ မဟုတ်ဘူး၊ လွှတ်တော်ဖြစ်တယ်၊ လွှတ်တော် နည်းဥပဒေတွေ ဥပဒေတွေကို နားလည်ဖို့ လိုပါတယ်”ဟုလည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ကာလအတွင်းကလည်း လွှတ်တော် အစည်းအဝေး ပြန်လည်စတင်ချိန်တွင် ကိုယ်စားလှယ်အချို့ နောက်ကျမှ ၀င်ရောက်ခဲ့သည့်အတွက် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက သတိပေးမှု ပြုလုပ်ခဲ့ဖူးသည်။ The Ladies News

No comments:

Post a Comment