Monday, November 28, 2016

အီဘရာဟီမိုဗစ်ခ်ျ၏ ချေပဂိုးဖြင့် မန်ယူအသင်း ၀က်စ်ဟမ်းနှင့် ၁ ဂိုးစီသရေကျ

ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ အဖြစ် မန်ယူနဲ့ ၀က်စ်ဟမ်းတို့ နိုဝင်ဘာ ၂၇ ရက်ညက ယှဉ်ပြိုင်ရာ တဘက် ၁ ဂိုးစီ သရေကျသွားပါတယ်။ အဲဒီပွဲမှာ မန်ယူနည်းပြ မော်ရင်ဟိုဟာ ကွင်းလယ်လူ ပေါ့ဂ်ဘာကို ဒိုင်က အ၀ါကတ်ပြတဲ့အပေါ် မကျေနပ်လို့ ရေဘူးကို ကန်မိတဲ့အတွက် ကွင်းလယ်ဒိုင်က ကွင်းထဲကနေ ထုတ်ပယ်ခဲ့ပါတယ်။ေ မ်ာရင်ဟိုအတွက်တော့ တလအတွင်းမှာ ဒုတိယအကြိမ်မြောက် အထုတ်ခံရတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ၀က်စ်ဟမ်းအသင်းက ပွဲအစ ၂ မိနစ်မှာပဲ ဆာခိုသွင်းတဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ၂၁ မိနစ်မှာ မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျက ချေပဂိုး ပြန်သွင်းခဲ့တာပါ။ ဒီပွဲသရေကျလို့ မန်ယူက အမှတ် ၂၀ နဲ့ အဆင့် ၆ မှာ ရှိနေပြီး ၀က်စ်ဟမ်းက ၁၂ မှတ်နဲ့ အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။

No comments:

Post a Comment