Monday, November 28, 2016

နိုက်ထရိုဂျင်ဓါတ်ငွေ့အိုးအား ပေါ့လျော့စွာကိုင်တွယ်အသုံးပြုသူအား အရေးယူမှုပြုလုပ်

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်အချိန် နေပြည်တော်ကောင်စီ နယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်၊ အင်ကြင်းဈေးအနောက်ဘက် သီရိမြိုင်လမ်းပေါ်တွင် ပေါက်ကွဲသံကြားရ၍ အမှတ်(၆)ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ ကလေးကစားစရာအရုပ်ရောင်းသူ ပုဗ္ဗသီရိမြို့နယ်၊ ရန်အောင်ကျေးရွာနေ အောင်ဆန်းဦး (၄၁)နှစ်သည် နိုက်ထရိုဂျင်ဓာတ်ငွေ့လေအိုးဖြင့် ပလပ်စတစ်အရုပ်များအား ဓာတ်ငွေ့ဖြည့်သွင်းစဉ် လေအိုးအဖုံးပွင့်ထွက်ရာမှ ပေါက်ကွဲသံဖြစ်ပွားခဲ့ကြောင်း သိရှိပြီး အဆိုပါပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ပေါက်ကွဲစေတက်သော အရာဝတ္တုနှင့်စပ်လျဉ်း၍ ပေါ့လျော့စွာအသုံး ပြုသူ အောင်ဆန်းဦးအား အမှတ်(၃)နယ်မြေရဲစခန်း(ပ)၃၇/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၆ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment