Thursday, November 17, 2016

ထုတ်ဝေမှု ရပ်စဲခဲ့သည့် မန္တလေးအလင်း သတင်းစာတိုက်မှ ဝန်ထမ်းများ နစ်နာကြေးကိစ္စ အငြင်းပွားမှုေ ပြလည်

ရပ်နားခဲ့သည့် မန္တလေးအလင်း သတင်းစာတိုက် ဝန်ထမ်းများနှင့် သတင်းစာတိုက် ပိုင်ရှင်တို့အကြား တစ်နှစ်စာ စာမူခပေးချေရန်နှင့် နစ်နာကြေးပေးချေရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း မန္တလေးအလင်း သတင်းစာတိုက်ဝန်ထမ်းများထံက သိရသည်။ “ကျွန်တော်တို့် ဝန်ထမ်းစုစုပေါင်း ၂၂ ယောက်ရှိတဲ့အနက် တာဝန်ခံအယ်ဒီတာ နှစ်ဦးကိုတော့ မက်ဆင်ဂျာမှာ ပြန်ခန့်ထားမယ်။ ပြီးတော့ အလုပ်နားချိန်ကစပြီး အခုချိန်ထိ ကျန်ခဲ့တဲ့ ၃ လအတွက် လစာကို တစ်ပေါင်းတည်း ပြန်လည်ပေးမယ်ဆိုပြီး စကမ်းလှမ်းတယ်။ အစပိုင်းတော့ ကျွန်တော်တို့ လက်မခံဘူး။ ဒါပေမဲ့ တခြားဝန်ထမ်းတွေကို ပေးချေမယ့်ကိစ္စ နှောင့်နှေးမှာစိုးလို့ ကျွန်တော်တို့ သဘောတူလိုက်ပါတယ်” ဟု မန္တလေးအလင်းသတင်းစာနှင့် Messenger ဂျာနယ်၏ တာဝန်ခံအယ်ဒီတာ ကိုသန့်ဇင်ဦးက ပြောသည်။

သတင်းစာတိုက်ဝန်ထမ်းများနှင့် ပိုင်ရှင်အကြား အချက် လေးချက် သဘောတူညီမှုရရှိခဲ့ကာ စာမူခကြွေးကျန်ငွေများကို နှစ်လအတွင်း ရှင်းပေးမည်ဖြစ်ပြီး နိုးတစ်စ်ကြေးနှင့် လုပ်သက်နစ်နာကြေးကို အလုပ်ရှင်ဘက်မှ တစ်လအတွင်းပေးမည်ဟု သဘောတူညီမှုရခဲ့ခြင်း ဖြစ်သည်။
"ဝန်ထမ်းတွေဘက်က အလုပ်ရှင်ကို ပြန်ကြည့်တဲ့အနေနဲ့ နိုးတစ်စ်ကြေးတစ်လစာကို အပြည့်မယူဘဲ တစ်ဝက်စာပဲယူမယ်လို့ ပြောပြီး ညှိနိုင်းမှုက ပြေလည်ခဲ့တယ်" ဟု အဆိုပါညှိနိုင်းပွဲသို့ တက်ရောက်ခဲ့သူ တစ်ဦးက ပြောသည်။
မန္တလေးမြို့တွင် အခြေစိုက် ထုတ်ဝေသည့် မန္တလေး အလင်းသတင်းစာကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင် ရပ်နားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မန္တလေးအလင်း သတင်းစာတိုက် ရပ်နားခဲ့သော်လည်း စာမူခပေးရန် ပျက်ကွက်ခြင်းနှင့် နစ်နာကြေးပေးရန် ပျက်ကွက်သည့်အတွက် ဝန်ထမ်းများက ရန်ကုန်ုမြို့နှင့် မန္တလေးမြို့တို့တွင် သတင်းစာရှင်းလင်းပွဲ တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့ပြီး အလုပ်သမားဝန်ကြီးဌာနသို့ တိုင်ကြားခဲ့ကာ အလုပ်ရှင် အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က ခေါ်ယူဆွေးနွေး ညှိနိုင်းပေးမှုဖြင့် ပြေလည်မူရရှိခဲ့ခြင်း ဖြစ်သည်။
The Ladies News

No comments:

Post a Comment