Monday, November 28, 2016

‘မနုစာရီ’နေရာက သရုပ်ဆောင်မယ့် ရွှေသမီး

စာရေးဆရာ မင်းသိင်္ခ၏ နာမည်ကြီးဝတ္ထုတစ်ပုဒ်ဖြစ်သော မနုစာရီ ၀တ္ထုကို လာမည့် နှစ် ဆန်းတွင် ရုပ်ရှင် ရိုက်ကူးမည်ဖြစ် ပြီး မနုစာရီအဖြစ် ရွှေသမီးက ပါ ၀င်သရုပ်ဆောင်မည်ဟု ဒါရိုက် တာ ညိုမင်းလွင်က ပြောသည်။ မနုစာရီ မင်းသမီးနေရာတွင် သရုပ်ဆောင်မည့်သူကို ၀ှက်ထား ခဲ့ကာ ပရိသတ်များကို ခန့်မှန်းစေခဲ့ပြီး နိုဝင်ဘာ ၂၅ ရက်က Mega Ace ရုပ်ရှင်ရုံ၌ ပြုလုပ်သော Night School Second Year Begins ပွဲတွင် မနုစာရီနေရာ၌ သရုပ် ဆောင်မည့်သူကို ကြေညာခဲ့ခြင်း ဖြစ်သည်။ မနုစာရီ ဇာတ်ရုပ်အတွက် ရွှေသမီးကို ရွေးချယ်ခဲ့သည့်အ ပေါ် အမြင်အမျိုးမျိုးရှိနိုင်သော် လည်း ရွှေသမီးသည် တစ်ချိန်တွင် မနုစာရီဖြစ်မည်ဟု ယုံကြည် ကြောင်း ဒါရိုက်တာညိုမင်းလွင် က ပြောသည်။



ရုပ်ရှင်ကို ၂၀၁၇ ဇန်န၀ါရီ  တွင် ရိုက်ကူးမည်ဖြစ်ပြီး မနုစာရီ နှင့်ပတ်သက်၍ ပရိသတ်များ စိတ်ဝင်စားသည့် လရောင်လှုံ သည့် ဇာတ်ဝင်ခန်းကိုလည်း ရိုက် ကူးမည်ဟု ဒါရိုက်တာ ညိုမင်း လွင်က ပြောသည်။

‘‘မနုစာရီ မင်းသမီးနေရာကို သရုပ်ဆောင်ဖို့အတွက် ညီမကို ကမ်းလှမ်းထားတာကြာပါပြီ။ ကမ်းလှမ်းတဲ့နေ့ကစပြီး ဒီနေ့ဒီအ ချိန်အထိ စိတ်လှုပ်ရှားမှုတွေက တော့ ရှိနေဆဲပါပဲ။ အခုအချိန်ထိ လည်း အရမ်းရင်ခုန်ပြီး စိတ်လှုပ် ရှားနေပါတယ်။ စပြောတဲ့ နေ့မှာ တကယ်ကို စိတ်ထဲမှာ ဘာမှမရှိ တော့ဘူး။ အဲဒီအချိန်မှာ ညီမရှု တင်ကို ရောက်နေပါတယ်။ ညီမ ကို ဆရာကြီး မင်းသိင်္ခဖန်တီးထား တဲ့ မနုစာရီနေရာမှာ သရုပ်ဆောင် ခွင့်လာပေးတဲ့အချိန်မှာ ရှုတင်က လူတွေအကြောင်းရော ရှုတင်မှာ ရောက်နေတဲ့အကြောင်းကိုရော အားလုံးကို မေ့သွားပါတယ်။ ညီမ လုပ်နိုင်တာထက်ကို အကောင်း ဆုံးလုပ်သွားပါမယ်’’ ဟု မနုစာရီ နေရာတွင် သရုပ်ဆောင်မည့် ရွှေ သမီးက ပြောသည်။

မနုစာရီ ဇာတ်ကားတွင်ပါ ၀င်သရုပ်ဆောင်မည့် မောင်တော် အတိတျာနှင့် ဘဒ္ဒကလျာ ဇာတ် ရုပ်များအတွက် သရုပ်ဆောင် သစ်နှစ်ဦးကိုလည်း ရွေးချယ်ခဲ့ သည်။

အဆိုပါဇာတ်ရုပ်များအ တွက် ဆန်ခါတင် အမျိုးသားနှင့် အမျိုးသမီး ၁၀ ဦးရွေးချယ်ထား ကာ ၎င်းတို့ကို မေးခွန်းများမေး မြန်းခြင်းနှင့် သရုပ်ဆောင်မှုစွမ်း ရည်ပြသခြင်းများ ပြုလုပ်စေ၍ ဒိုင်လူကြီးများနှင့် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သရုပ်ဆောင်မှု စွမ်း ရည်ပြသရာတွင် မြွေအစစ်များ နှင့် သရုပ်ဆောင်စေခဲ့ပြီး မောင် တော်အတိတျာအဖြစ် အောင် ဆန်းမြင့်နှင့် ဘဒ္ဒကလျာဇာတ် ရုပ်အဖြစ် နေကြာခင်ခင်တို့ကို ရွေးချယ်ခဲ့သည်။

ယခင်က မနုစာရီဝတ္ထုကို ရုပ်ရှင်အဖြစ် ဖန်တီးရန် စီစဉ်ခဲ့ဖူး သော်လည်း အကောင်အထည် ဖော်နိုင်ခဲ့ခြင်းမရှိပေ။ ဇွဲဉာဏ်

No comments:

Post a Comment