Wednesday, November 30, 2016

လေယာဉ်ပျက်ကျခဲ့တဲ့ ရှာပါကွင်းစ်အသင်းအတွက် ယူရို ၃ သန်း ရော်နယ်လ်ဒို လှူဒါန်းရန် ဆုံးဖြတ်

နိုဝင်ဘာ ၂၉ ရက်နေ့က ကြေကွဲဖွယ် လေယာဉ်ပျက်ကျမှုမှာ ပါဝင်ခဲ့တဲ့ ဘရာဇီးဘောလုံးကလပ် အသင်းရဲ့ ကစားသမားတွေနဲ့ ဝန်ထမ်းများ သေဆုံးမှုများဖြစ်ပွားခဲ့ပြီးနောက် ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ရှာပါကွင်းစ်အသင်းအတွက် ယူရို ၃ သန်း လှူဒါန်းရန် ဆုံဖြတ်ထားတယ်လို့ သိရှိရပါတယ်။ အဆိုပါလေယာဉ်ဟာ ရှာပါကွင်းစ်အသင်း ကစားသမားများ၊ အမှုဆောင်အရာရှိများ၊ နည်းပြများနှင့် အထူးဧည့်သည်များနှင့်အတူ တခြားဝန်ထမ်းများ၊ သတင်းထောက်များနှင့် လေယာဉ်ဝန်ထမ်း ၉ ဦးတို့ကို ဘိုလီဗီးယားနိုင်ငံကနေ တင်ဆောင်လာပြီး ဟိုဆေးမာရီယာ ကော်ဒိုဘာလေဆိပ်သို့ ချဉ်းကပ်ခဲ့စဉ် မက်ဒီလင်းအပြင်ဘက် တောင်တန်းဒေသမှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။ "လေယာဉ်ပျက်ကျမှုကြောင့် ခရီးသည် ၇၇ ဦးထဲက လူ ၆ ဦး ဒဏ်ရာရရှိပြီး ၇၁ ဦး သေဆုံးခဲ့ပါတယ်။"လို့ ကိုလံဘီယာ အရေးပေါ်-စီမံခန့်ခွဲမှု ဒါရိုက်တာ ကားလို့စ်အိုင်ဗင် မားကက်ဇ်က မက်ဒီလင်းရှိ သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။ေ ရ်ာနယ်လ်ဒိုက မိမိထိတ်လန့်မှုကို ယနေ့အစောပိုင်းမှာ ဆိုရှယ်မီဒီယာပေါ်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ တောင်အမေရိက ဘောလုံးဝက်ဘ်ဆိုက် FAN10 အဆိုအရ ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ ရှာပါကွင်းစ်အသင်းကို ကူညီသွားမယ်လို့ သိရပါတယ်။ Mizzima

No comments:

Post a Comment