Sunday, November 27, 2016

"ကျွန်တော်တို့ အနုပညာသမားတွေဟာ သူတို့ဖန်တီးထားတဲ့ အနုပညာတွေကို ပရိသတ်တွေက လက်ခံတယ် နှစ်သက်တယ် ဆိုရင်တော့ အရှုံးအမြတ် သိပ်မကြည့်ကြတော့ပါဘူး" တေးသံရှင်အောင်ထက်

Tiger ဘီယာမှ နိုဝင်ဘာ ၂၅ ရက်တွင် နိုဗိုတယ် ဟိုတယ်၌ပြုလုပ် သော UNCAGE YOUR TIGER ကမ်ပိန်းသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသော တေးသံရှင် အောင်ထက်ကို ယခုလိုတွေ့ ဆုံမေး မြန်းဖြစ်ခဲ့ရာ....
မေး-ဒီ Tiger  နဲ့ပေါင်းပြီးတော့ (ကမ်ပိန်း)ကိုလုပ်ဖြစ်ခဲ့ပုံကိုပြောပြ ပေးပါ။
ဖြေ-ကျွန်တော်တို့ပါဝင်ဖြစ်ပုံက တော့ ဒီ Tiger က ကျွန်တော်တို့ ကိုဖိတ်တယ်။ ကျွန်တော်တို့ရဲ့အ ကြောင်းတွေမေးတယ်။ အလုပ်အ တူတူလုပ်ဖို့ပြောတယ်။ ဒီမှာကလဲ အလုပ်လုပ်ရတာအဆင်ပြေတော့ ပါဝင်ဖြစ် သွားတာပါ။ ပြီးတော့ Tiger ကနေကျွန်တော့်ကိုသီချင်း အပ်တယ်။ အဲဒီမှာ Roar  ဆိုတဲ့ သီချင်းကိုရေးဖြစ်တယ်။သီချင်းကို တော့ သူတို့ဖြစ်စေချင်တဲ့အကြောင်း အရာတွေကျွန်တော့်ကိုပြောပြတယ်။ သူတို့ပေးတဲ့ အကြောင်းအရာတွေကလည်း ကျွန်တော်တို့ကိုယ်တိုင် တွေ့ ကြုံခံစားရတယ်။ စိတ်ဓာတ်ခွန်အား လဲဖြစ်စေတယ်။ ကျွန်တော်တို့က ဂီတကိုလုပ်နေတော့ ကိုယ်တတ်နိုင်တာနဲ့ ခွန်အားပေးတဲ့သဘောလေးပါပဲ။




မေး-အခုလတ်တလောအနုပညာ လှုပ်ရှားမှုတွေကိုပြောပြပေးပါ။

ဖြေ-ကျွန်တော့်ရဲ့ Images  တွေ DVD ထွက်နိုင်ဖို့အတွက် လှုပ်ရှား နေတယ်။ နောက်ဒီဇင်ဘာလထဲမှာထွက်မယ်။ ကျွန်တော်တို့သူငယ် ချင်းလေးယောက်ပေါင်းလုပ်ထားတဲ့အခွေလဲထွက်ဖို့ရှိပါတယ်။ ကျွန် တော် ရဲ့  images တွကတော့ ဒီနိုဝင်ဘာ ၂၇ ရက် မှာ DVD ကာ ရာအိုကေထွက်ပါမယ်။ Promotion အနေနဲ့ကတော့ရန်ကုန်မှာပါ။ဖျော် ဖြေပွဲတွေလည်းလုပ်မယ်။ အခွေကို တော့အတတ်နိုင်ဆုံးကြိုးစားထား တယ်။ ပရိသတ်တွေက ကျွန်တော် ပေးတဲ့ Massage  လေးတစ်ခုခုလောက် ရလိုက်မယ်ဆိုရင် အတိုင်းမသိပျော် နေမှာပါ။ ဒီအခွေထဲမှာ ကျွန်တော် က သီချင်းခြောက်ပုဒ်၊ ဆရာစောခူဆဲက ခြောက်ပုဒ်ရေးထားပါတယ်။


မေး-အိမ်မက်ဆုံရာမှာက အဆို တော်တွေရဲ့သီချင်းတွေကိုဆိုတယ်။ အခုကိုယ်ပိုင်သံစဉ်တွေဆိုနေတာ နဲ့ဘာတွေကွာခြားလဲ။

ဖြေ-ကျွန်တော် အိမ်မက်ဆုံရာမှာ ပြိုင်တယ်။ ပြိုင်ရတဲ့ပုံစံကလည်း သီချင်းတွေကို Version  ပြောင်းပြီးဆိုရတယ်။ ကျွန်တော်တို့ကြိုးစားတယ်။  ဒီပြိုင်ပွဲပြီးတော့လည်းဖျော်ဖြေရေး တွေ ထွက်ရတယ်။ ဖျော်ဖြေရေး ထွက်ရတဲ့အခါမှာ ကျွန်တော်တို့မှာ ကိုယ်ပိုင်သီချင်းမရှိဘူး။ ပြီးတော့ MRTV-4 က အောင်ထက်နှင့်ပြိုင်ပွဲဝင် သီချင်းများပြီးတော့ ကျွန် တော့်ဘဝမှာကြုံတွေ့ ခဲ့ရတာတွေရယ် ပေါင်းပြီးတော့ အစီအစဉ်လေးတစ်ခု လုပ်ဖြစ်တယ်။ အဲဒါကိုပဲ အမှတ်တရအနေနဲ့ အခွေ လေးထွက်ဖြစ်တယ်။


မေး-မြန်မာနိုင်ငံမှာခိုးကူးခွေတွေ များတာကြောင့်အခွေထုတ်တဲ့ အဆို တော်တွေအဆင်မပြေကြဘူး။ အဲဒါ နဲ့ပတ်သက်ပြီးတော့ ပြောပြပေးပါ။

ဖြေ-ဒီအခွေထုတ်တယ်ဆိုတာက သီချင်းတွေကိုလုပ်တဲ့အခါမျိုးမှာ အတီးသမားတွေကလည်း စားဝတ်နေ ရေးနဲ့ဝါသနာကိုအရင်းခံပြီးလုပ် ကြရတယ်။အဲဒီအတွက်အခကြေး ငွေတော့ယူကြရတယ်။ ထုတ်တဲ့သူ တွေ ကလည်း သူတို့အရင်းခံထား တဲ့ငွေတွေကိုတော့မမြတ်ရင်တောင် အရင်းတော့ပြန်ရချင်ကြမှာပါပဲ။ကျွန်တော်တို့ဒီအနုပညာသမားတွေဟာ သူတို့ဖန်တီးထားတဲ့အနုပညာ တွေကို ပရိသတ်တွေကလက်ခံတယ်။ နှစ် သက်တယ်ဆိုရင်တော့ ကျွန်တော် အပါအဝင် အနုပညာသမားအား လုံးက အရှုံးအမြတ်တော့သိပ်မကြည့် ကြတော့ပါဘူး။

ZTH,KZYH

No comments:

Post a Comment