Wednesday, November 23, 2016

ရန်ကုန်မြို့ပတ် ရေကြောင်းအမြန်ယာဉ် ဇန်နဝါရီလဆန်း စတင်ပြေးဆွဲဖို့ စီစဉ်နေ

 ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှု အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့အတွက် ရေကြောင်းအ မြန်ယာဉ်တွေကို လာမယ့် ဇန်နဝါရီလဆန်းမှာ စတင်ပြေးဆွဲဖို့ စီစဉ်နေတယ်လို့ ရန် ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ကနေ သိရပါတယ်။ ‘လက်ရှိမှာတော့ ဆိပ်ကမ်းနဲ့ မြစ် ကြောင်းတွေ အဆင်သင့်ဖြစ်နေပါပြီ၊ ပြေးဆွဲဖို့အတွက် ခရီးစဉ်အလိုက် သင်္ဘောတွေ တင်ဒါခေါ်ထားပါတယ်၊ ဒီဇင်ဘာမှာ အပြီး လုပ်ပြီး ဇန်နဝါရီလဆန်းမှာတော့ စတင် ပြေးဆွဲဖြစ်မှာပါ”လို့ တိုင်းဒေသကြီး သယ် ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါ တယ်။

ရန်ကုန်မြို့တွင်းမှာ ယာဉ်ကြာပိတ်ဆို့မှုကြောင့် နေ့စဉ် အချိန်သုံးနာရီခန့် ပေးနေရတဲ့ အခြေအနေကို ရေကြောင်း အ မြန်ယာဉ်တွေက ဖြေရှင်းပေးနိုင်ဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။ အခုပြေးဆွဲမယ့် ရေကြောင်းအမြန်ယာဉ်တွက လှိုင် မြစ်နဲ့ ငမိုးရိပ်ချောင်းတွေမှာ ပြေးဆွဲသွားမှာ ဖြစ်ပြီး လှိုင်မြစ်မှာ ဆိပ်ကမ်းငါးခု၊ ငမိုး ရိပ်ချောင်းမှာ ဆိပ်ကမ်း ၁၁ခုနဲ့ လူအတင် အချ ပြုလုပ်မှာ ဖြစ်ပါတယ်။
ရေကြောင်းအမြန်ယာဉ်စီးနင်းခတွေကိုလဲ ကျပ် ၂၀ဝ ကနေ ၅၀ဝ အထိသာ ကောက်ခံဖို့ စီစဉ်ထားပြီး သင်္ဘောအရေအတွက်ကို စီးနင်းသူတွေပေါ်မူတည်ပြီး ပြေးဆွဲသွားမှာဖြစ်ပါတယ်။ လတ်တလောမှာတော့ လှိုင်မြစ်အတွင်းမှာ သင်္ဘောအစင်းရေ ၅၀ ခန့်နဲ့ ငမိုးရိပ်ချောင်းအတွင်းမှာ ၆၀ခန့် ပြေးဆွဲဖို့ စီစဉ်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က သိရပါတယ်။

No comments:

Post a Comment