Tuesday, November 22, 2016

ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်တွင် ယခု ပညာသင်နှစ်၌ ကျောင်းသား ၂၅ဝ လက်ခံမည်

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်တွင် ယခု ပညာသင်နှစ်၌ ကျောင်းသား ၂၅ဝ လက်ခံမည်ဖြစ်ပြီး လာမည့်ပညာ သင်နှစ်တွင် ကျောင်းသူများကိုပါ လက်ခံမည်ဖြစ်ကြောင်း သိရ သည်။ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်တွင် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်၏ပထမနှစ်ဘွဲ့ကြိုတန်းများကိုလာမည့် ဒီဇင်ဘာ ၅ ရက်တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ပြီး လက်ရှိ တွင်ကျောင်းသားများလက်ခံခြင်းကိုဆောင်ရွက်နေကြောင်း ယခုပညာသင်နှစ်တွင် ကျောင်းသား၊ကျောင်း သူအဆောင်ဆောက်လုပ်ခြင်းလုပ်ငန်းများကိုဆောင်ရွက်နေပြီး ကျောင်းသူ ၂ဝဝ ဆံ့သုံးထပ်ဆောင်တစ်လုံး ပါ ဝင်ကြောင်း ယင်းအဆောင်ပြီးစီးပါက လာမည့်ပညာသင်နှစ်တွင် ကျောင်းသူများကိုပါလက်ခံမည်ဖြစ်ကြောင်း ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး ဒီဂရီကောလိပ်(ရန်ကုန်)မှ သိရသည်။

''လောလောဆယ်တော့ကျောင်း ကိုကျောင်းသားတွေတော့ရောက် နေပါပြီ။ ကျွန်တော်တို့ဆီမှာက အဆောင်တွေဆောက်လုပ်ပြီးစီးတဲ့ အပေါ်မူတည်ပြီး လက်ခံပါတယ်။ ကျွန်တော့်ဆီမှာအခုအဆောင်အင် အားအရ ၈ဝဝ အထိလက်ခံလို့ရပါတယ်။ ပထမနှစ်နဲ့ဒုတိယနှစ်သင်တန်းက လက်ရှိနေနေတာက ၄ဝဝ ရယ် စစ်ကိုင်းက ပထမနှစ်က၂ဝဝ ကျော်ဆိုတော့အားလုံး ၆ဝဝရှိတယ်။ ဒါကြောင့်ဒီနှစ်တော့ကျောင်းသား ၂၅ဝ လောက် လက်ခံဖို့လုပ်နေပါ တယ်''ဟု ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးတိုးတက် ရေးဒီဂရီကောလိပ်(ရန်ကုန်)ကျောင်း အုပ်ကြီးက နိုဝင်ဘာ ၂ဝ ရက်တွင် ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြောသည်။
ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးတိုးတက် ရေးဒီဂရီကောလိပ်(ရန်ကုန်)တွင် ကျောင်းသားများကို စားဝတ်နေရေးမှအစတာဝန်ယူနေပြီး ဘာသာရပ်များကို ဝိဇ္ဇာ၊ သိပ္ပံ၊ အင်ဂျင်နီယာ ဘာသာရပ် သုံးခုကို ဖွင့်လှစ်သင်ကြား ပေးနေကြောင်း၊ ဘာသာရပ်များ ကိုကျောင်းသား၊ ကျောင်းသူများ၏ သဘောဆန္ဒအရ ရွေးချယ်တက် ရောက်စေကြောင်းသိရသည်။ ''ကျွန်တော်တို့ဆီမှာ ကျောင်းသားတွေရဲ့ဆန္ဒကိုယူပါ တယ်။ ဥပမာ ကျောင်းသားတစ်ယောက်က အမှတ် ပေါင်း ၄၂ဝ၊ ၄၃ဝ လောက်ရတယ်ဆိုရင် အင်ဂျင်နီယာဘာသာရပ် တွေထဲက ဘယ်ဟာကိုယူမလဲမေးပြီးတော့ တက်ရောက်စေပါတယ်''ဟု ၎င်းကဆက်လက်ပြော သည်။ အဆိုပါကျောင်းတွင်လာမည့် ပညာသင်နှစ်အတွက် ကျောင်းသူ အဆောင်များအပြင် ဆရာ၊ ဆရာမ အဆောင်များ၊ ဝန်ထမ်းအဆောင် များကိုပါဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
ATK

No comments:

Post a Comment