Saturday, November 19, 2016

ရန်ကုန်မန္တလေးအမြန်လမ်းမကြီးတွင်ဆိုင်ကယ်နှင့်မော်တော်ယာဉ် တိုက်မှုဖြစ်ပွား

ပဲခူးတိုင်း ဒေသကြီး ဒိုက်ဦးမြို့နယ်အပိုင် အုတ် ရှစ်ကုန်း အမြန်လမ်း ရဲစခန်းအပိုင် တွင် နိုဝင်ဘာ ၁၈ ရက် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်က လမ်းဖြတ်ကူး သောဆိုင်ကယ်ကို မော်တော်ယာဉ် မှ ၀င်တိုက်မိခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာယာဉ်တိုက်မှုဖြစ်ပွား နေကြောင်းသတင်းအရ နယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ မီးသတ် တပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေး ခဲ့ရာတွင် ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး မိုင်တိုင်အမှတ် ၆၆/၇ နှင့် ၆၇/၀အကြားတွင် မြ၀င်းနိုင် ကောလိယ ဆည်မြောင်းအနီးတဲတိုက်ဒိုက်ဦးမြို့နယ်နေသူ မောင်းနှင်ပြီးေ နာက်တွင် ဆံရှည်(ခ)ထွန်းလင်းကို စီးနင်းလိုက်ပါလာသော နံပါတ်မပါ Wave110 ခဲရောင်ဆိုင်ကယ်မှ နေ ပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ လမ်းမကြီးအတိုင်း မောင်းနှင်လာ စဉ်လမ်းအနောက်ဘက်မှ အရှေ့ ဘက်သို့ လမ်းလယ်ကျွန်းကို ရုတ်တ ရက် ချိုးကွေ့လိုက်စဉ် လားရာတူ ဘက်မှ ယာဉ်မောင်းဇော်မင်းဦး ကျွန်း လုံးဥသျှောင်ရပ်ကွက် ချမ်းမြသာ စည်မြို့နယ်နေသူ မောင်းနှင်လာ သော ယာဉ်အမှတ် 3M/----Toyota Hiace ခဲရောင်မော်တော်ယာဉ်မှ ၀င်ရောက်တိုက်မိခဲ့ရာ
ဆိုင်ကယ်စီး နင်းသူနှစ်ဦးစလုံး ပြင်းထန်ထိခိုက် ဒဏ်ရာများ ရရှိခဲ့ရာ ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် မြို့ချောင်းတိုက် နယ်ဆေးရုံသို့ တင်ပို့ကုသသော်လည်း ဆေးရုံအရောက်တွင် သေဆုံးသွား ခဲ့ပြီး ယာဉ်တိုက်မှုကြောင့်Toyota ယာဉ်မှာ ရှေ့လေကာမှန်ကွဲ ဘော နတ်အဖုံးပိန်ချိုင့် ရှေ့မီးကြီးကွဲ ပျက် စီးဆုံးခဲ့ရပြီး ဆိုင်ကယ်မှာ ကိုယ်ထည် ကျိုးပျက်စီးခဲ့ရကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ အမြန် လမ်းမကြီးပေါ်တွင် ဆိုင်ကယ်မောင်း နှင်းခွင့်မရှိဘဲ တက်ရောက်မောင်း နှင်သူမြ၀င်းနိုင်ကို အုတ်ရှစ်ကုန်း အမြန်လမ်းမကြီးရဲစခန်းမှ ယာဉ် (ပ)၃၄/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

PKL

No comments:

Post a Comment