Monday, November 21, 2016

ကုန်သွယ်ရေးတိုးမြှင့်ရန် ဂျပန်ဝန်ကြီးချုပ်အာဘေး အာဂျင်တီးနားသို့ သွားမည်

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး သည် အာဂျင်တီးနားနိုင်ငံသို့ တနင်္လာ နေ့တွင် တရားဝင်အလည်အပတ် သွားရောက်မည်ဖြစ်သည်။ လက် တင်အမေရိကနိုင်ငံတွင် ရင်းနှီးမြှုပ် နှံမှုတိုးတက်ရန်အတွက်ဖြစ်သည် ဟု ဂျပန်အရာရှိများက ပြောကြား လိုက်သည်။ ဤသည်မှာ ဂျပန်ဝန်ကြီးချုပ် တစ်ဦး ၅၇ နှစ်အတွင်း ပထမဆုံး အကြိမ် အာဂျင်တီးနားသို့လာရောက် လည်ပတ်ခြင်းဖြစ်သည်။ နောက်ဆုံး လည်ပတ်ခဲ့သူမှာ အာဘေး၏အဘိုး ဖြစ်သူ နိုဘူဆူကေကီရှီ ၁၉၅၉ ခုနှစ် က လည်ပတ်ခဲ့ခြင်းဖြစ်သည်။ အာဘေး၏ တစ်နေ့တာလည် ပတ်ခြင်းမှာ အာဂျင်တီးနား၏ ကွန် ဆာဗေးတစ်သမ္မတ မော်ရီစီယိုမက္က ရီအား နိုင်ငံတကာနှင့် ကြီးမားသော ထိတွေ့မှုကို ရရှိစေမည်ဖြစ်သည်။ ¤င်းမှာ ယခင်နှစ်က အာဏာ ရလာကတည်းက အာဂျင်တီးနား၏ ကုန်သွယ်ရေးတိုးတက်မှုကြီးထွား အောင်လုပ်ဆောင်လာခဲ့သည်။ ယခင်လက်ဝဲအစိုးရလက်ထက်တွင် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို ကျင့်သုံးခဲ့သည်။

ပီရူး၌ကျင်းပနေသည့် အေပက် အစည်းအဝေးအပြီးတွင် အာဘေး သည် အာဂျင်တီးနားသို့သွားရောက် မည်ဖြစ်ပြီး စီးပွားရေးသမားများနှင့် တွေ့ဆုံပြီး အာဂျင်တီးနားရှိ ဂျပန် လူမျိုး ၆၅ဝဝဝတို့နှင့်လည်း တွေ့ဆုံ မည်ဖြစ်သည်။ ဗျူနိုအေရိစ် ဂျပန် သံရုံးက ကြေညာချက်ထုတ်ပြန်ရာ တွင် ဤလည်ပတ်မှုမှာ နောင်တွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက် ရန်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
အာဂျင်တီးနား နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အာဘေး၏အ လည်အပတ်ခရီးမှာ နှစ်နိုင်ငံ နိုင်ငံရေး နှင့် စီးပွားရေးဖွံ့ဖြိုးမှုနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးများ ပူးပေါင်းဆောင် ရွက်ရန်နှင့် သိပ္ပံ၊ နည်းပညာ၊ ယဉ်ကျေး မှုနှင့် အားကစားတို့ ပူးပေါင်းလုပ် ဆောင်သွားမည်ဟုဖော်ပြခဲ့သည်။
ဂျပန်သံအမတ်ကြီး နိုရီတာရူ ဖူကူရှီမားကလည်း အာဂျင်တီးနား ၌ နောက်သုံးနှစ်အတွင်း ရင်းနှီးမြှုပ် နှံမှုများ လုပ်ကိုင်သွားမည်ဟု ပြော ကြားခဲ့သည်။ ဂျပန်ကားလုပ်ငန်းရှင် များကလည်း အာဂျင်တီးနား၌ စက် ရုံများတည်ဆောက်ကြမည်ဖြစ်ရာ တိုယိုတာကုမ္ပဏီက လုပ်ဆောင် သွားမည်ဖြစ်သည်။
ထို့အပြင် ဂျပန်ကားကုမ္ပဏီများ ဖြစ်သည့် ဟွန်ဒါနှင့် နစ်ဆန်းတို့က လည်း အာဂျင်တီးနားတွင် ကားထုတ် လုပ်ရေးစက်ရုံများ တည်ဆောက် သွားကြမည်ဟုဆိုသည်။ ဂျပန်သည် ဘရာဇီး၊ မက္ကဆီကို၊ ချီလီတို့နှင့်ကုန် သွယ်ရေးစာချုပ် ချုပ်ဆိုထားသော် လည်း အာဂျင်တီးနားနှင့်ချုပ်ဆိုထား မှုမရှိဟု သိရသည်။ ဂျပန်၏ပို့ကုန် မှာ အာဂျင်တီးနားသို့ ၂ဝ၁၅တွင် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံဖိုးရှိခဲ့ သည်။


Ref:AFP

No comments:

Post a Comment