Monday, November 28, 2016

ရှမ်းနှစ်သစ်ကူးပွဲတော်နှင့် ရိုးရာမီးပုံးပျံလွှတ်တင်ပွဲ.

ရှမ်းနှစ်၂၁၁၁ ခုနှစ် နှစ်သစ်ကူးပွဲတော်နှင့် ရိုးရာ မီးပုံးပျံလွှတ်တင်ပွဲကို နိုဝင်ဘာ ၂၇ ရက်မှ စတင်ကာ ဒီဇင်ဘာ ၁ ရက်အထိ ခြောက်ရက်တိုင် တောင်ကြီးမြို့ အဝေယာမီးပုံးပျံကွင်း တွင် ကျင်းပလျက်ရှိသည်။
ရှမ်းနှစ်သစ်ကူးပွဲတော်အား ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းရန်နှင့် ရိုးရာကောက်သစ်စားပွဲ အထိမ်းအမှတ်အဖြင့် နှစ်စဉ်ကျင်းပနေခြင်းဖြစ်သည်ဟု ရှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပရေးကော်မတီမှ ဦးစိုင်းဇော်ဇော်ကပြောသည်။ ယခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော်အား ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ကျင်းပရန် စီစဉ်ခဲ့ပြီး နယ်မြေဒေသအခြေအနေများကြောင့် ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့တွင် ကျင်းပခြင်းဖြစ်သည်ဟု ရှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပရေးကော်မတီမှ သိရသည်။ တောင်ကြီးမြို့ အဝေယာ မီးပုံးပျံကွင်းတွင် ကျင်းပသည့် ရှမ်းနှစ်သစ်ကူးပွဲတော်တွင် နေ့လွှတ် မီးပုံးပျံ ၁၄၁ လုံး၊ ညမီးကြီး အမျိုးအစားပြိုင်ပွဲဝင် မီးပုံးပျံ ၂၉ လုံး၊ စိန်နားပန် မီးပုံးပျံ ၉ လုံး ၊ ပြိုင်ပွဲဝင် မီးပုံးပျံ စုစုပေါင်း ၁၇၉ လုံး လွှတ်တင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ရှမ်းနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့များ ဒေသခံရှမ်းတိုင်းရင်းသားများ တက်ရောက်ခဲ့သည်။ ဓာတ်ပုံ- ဂျွန်ချစ်ငြိမ်း

No comments:

Post a Comment