Monday, November 28, 2016

ဝတ္ထုတစ်ပုဒ်ကို ဖွံ့ဖြိုးရေးအမြင်ဖြင့် ဖတ်ရှုခြင်း

၁၉၈၀ ပြည့်နှစ်က မဂ္ဂဇင်း တစ်ခုတွင် ပုံနှိပ်ဖော်ပြခဲ့သည့် ၀တ္ထုတိုတစ်ပုဒ်ကို ဖတ်ရှုရသည်။ သစ်ခွဲစက်ရုံအ  လုပ်သမားတစ်ဦး၏ ဘ၀ရုန်းကန်မှုဟု ယေဘုယျပြောနိုင်သည်။ အလုပ်ခွင်မှ မပြေလည်မှုများ၊ မိသားစုဘ၀၏ အခက်အခဲများကို အဓိကဇာတ်ကြောင်း ပြောသူက တင်ပြသည့်ပုံစံဖြင့် ၀တ္ထုကို ရေးသားထားသည်။ မိသားစုတွင် သားသမီးဦး ရေများရသည့် ကြားထဲ ကလေး တစ်ဦးက ကျန်းမာရေးမကောင်း ဖြစ်နေသည်။ အမိုးမလုံသည့် အိမ်ကို ပြင်ဆင်ဖို့ လက်ထဲမှာ ငွေ ကြေးက အလုံအလောက်မရှိ။ ဒီ တော့ တခြားအပန်းဖြေစရာ ရုပ် ရှင်ကြည့်ဖို့၊ အ၀တ်သစ်ဝယ်ဖို့၊ မိသားစုတွေ တိရစ္ဆာန်ရုံသွား၊ ရွှေ တိဂုံဘုရားသွား အလည်အပတ် ထွက်ဖို့ မဆိုထားနှင့် မိုးရာသီအ တွက် ဆောင်းဖို့ ထီးတစ်ချောင်း ပင် အသစ်မ၀ယ်နိုင်။ လက်ဖက် ရည်တစ်ခွက် ထွက်သောက်ဖို့ကို ပင် စဉ်းစားချင့်ချိန်နေရသည့် ဘ၀အခြေအနေ။ မိန်းမကလည်း နံနက်ခင်းဆိုလျှင် ကလေးတာဝန် တွေနှင့် မအားလပ်နိုင်သည်ဖြစ် ရာ ခင်ပွန်းသည် အလုပ်ထဲမှာ စားဖို့ နေ့လယ်စာထမင်းဘူးပင် ပြင်ဆင်မပေးနိုင်ခဲ့။



ဆင်းရဲနွမ်းပါးမှု၊ ရုန်းကန်ရ မှုတွေကြားမှာ စိတ်အားငယ် ညှိုး နွမ်းနေသူတစ်ယောက်၏ ခံစားမှု များ၊ ဖြတ်သန်းမှုများကို ပေါ်လွင် အောင် သရုပ်ဖော်ထားသည့် ၀တ္ထု တစ်ပုဒ်ဟုဆိုရမည်။ ထို့အပြင် လူ့ စရိုက်၊ လူ့သဘာဝအဖွဲ့တွေကို ဖြည့်စွက်ထားရာ ၀တ္ထုတိုက အား ကောင်းပြီး ရုန်းကြွနေသည်။

နှစ်ပေါင်းသုံးဆယ် ဟိုဘက် က ၀တ္ထုတိုကို ယနေ့ခေတ်ကာလ မှာ ပြန်လည်ဖတ်ရှုရသည့်အခါ စိတ်ခံစားမှုမျိုးစုံ၊ အတွေးမျိုးစုံကို ပေးစွမ်းနိုင်ပါသည်။ ဟိုဘက် ခေတ်နှင့် ဒီဘက်ခေတ်ကို ပြန် လည် ယှဉ်ထိုးကြည့်မိသည်။ သုံး သပ်ကြည့်မိသည်။ နှစ်ပေါင်းသုံး ဆယ်သည် တံတားအောက်တွင် ရေတွေ စီးသွားသလို ကျွန်တော် တို့အပေါ် ဖြတ်သန်းစီးဆင်းသွားခဲ့ ပြီ။ ကျွန်တော်တို့  ဘ၀တွေ နှစ် ပေါင်းသုံးဆယ်အတွင်း ဘာတွေ များ ပြောင်းလဲသွားခဲ့ပြီလဲ။

သေချာတာတစ်ခုကတော့ ဆင်းရဲမွဲတေမှုသည် နှစ်ပေါင်းသုံး ဆယ် ဟိုဘက်ကအတိုင်း ဒီကနေ့ ခေတ်၏ ဘ၀များစွာအပေါ်တွင် လည်း ရိုက်ခတ်မှုရှိနေဆဲ။ ဆင်း ရဲမွဲတေမှုသည် လူသားတွေရဲ့ ဘ၀ကို ညှိုးနွမ်းသိမ်ငယ်စေသည်။ မတောက်ပနိုင်၊ မစိုပြည်နိုင်။

ဖွံ့ဖြိုးရေးအမြင်ဘက်က ကြည့်လျှင် လူတစ်ယောက် ခိုင် ခိုင်မာမာ ရပ်တည်နိုင်ဖို့အတွက် အဓိကကျသည်က ပညာရေးဖြစ် သည်။ ပညာရေးက လူတစ် ယောက် သူ၏ ဘ၀တစ်လျှောက် လုံးမည်သို့နေထိုင် ရှင်သန်သွားရ မည်ကို သင်ကြားပေးနိုင်ရမည်။ မိတ်ဆွေ သူငယ်ချင်းအပေါင်းအ သင်းဝန်းကျင်တစ်ခုကို ဖန်တီးပေး နိုင်ရမည်။ သင့်လျော်သည့် အ သက်မွေးဝမ်းကျောင်းအလုပ် အ ကိုင်တစ်ခုကိုလည်း ပံ့ပိုးပေးနိုင်ရ မည်။ ၀တ္ထုထဲက အဓိကဇာတ် ကြောင်းပြောသူ၏ ပညာရေး နောက်ခံကို မသိရ။ မိဘတွေက လည်း ဆင်းရဲနွမ်းပါးသည့် ဘ၀ အခြေအနေ အမိုးမလုံသည့် အိမ် ကလေးမှာ ကြီးပြင်းခဲ့ရသည့်ဘ၀ ဟု သရုပ်ဖော်ထားသည့်အတွက် ပညာရေးအခြေခံ နုံနဲ့ခဲ့သည်မှာ ထင်ရှားနေသည်။ ဒါကြောင့် လည်း ကိုယ်ကာယကို အားကိုးပြီး လုပ်ကိုင်ရသည့် သစ်ခွဲစက်လို လုပ်ငန်းခွင်မှာ လုပ်ကိုင်နေရခြင်း ဖြစ်သည်။

သာယာကောင်းမွန်တဲ့၊ ပျော် ရွှင်ပြည့်စုံတဲ့၊ အဓိပ္ပာယ်ရှိတဲ့ လူ နေမှုတစ်ခုဖြစ်ပေါ်လာဖို့ နောက် ထပ် အရေးကြီးသည့်အချက်မှာ ကျန်းမာရေးပင်။ လွန်ခဲ့သည့် နှစ် ပေါင်း ၃၀ ဟိုဘက်မှာ သန္ဓေတား ဆေးတွေ ဖောဖောသီသီမရှိနိုင်။ သားဆက်ခြားဖို့ ဗဟုသုတမရှိ နိုင်။ မိသားစုစီမံကိန်းဆိုသည့် အ တွေးအခေါ်မရှိနိုင်။ (ဒါကလည်း ပညာအခြေခံမရှိတာကို ပေါ်လွင် စေသည်) ဒီတော့ သားသမီးတွေ တစ်ယောက်ပြီးတစ်ယောက် မွေး သည်။ မွေးလာသည့် ကလေးတွေ ကို ကျန်းမာသန်စွမ်းအောင် မ စောင့်ရှောက်နိုင်သည့်အတွက် ခဏခဏ ဖျားနာသည်။ ဒါတွေက အိမ်ထောင်တစ်ခုအတွက် စီးပွား ရေးအကျပ်အတည်းဖြစ်အောင်၊ ဆင်းရဲတွင်းထဲ နစ်အောင် တွန်းပို့ နေသည့်အကြောင်းအရာတွေ ဖြစ်သည်။

အမျိုးသမီးဖြစ်သူက က လေးတွေ တစ်ယောက်ပြီးတစ် ယောက်မွေး၊ တစ်နှစ်ပြီးတစ်နှစ် ကိုယ်ဝန်ဆောင်နေသည့်ကြားထဲ မကျန်းမာသည့် ကလေးတွေကိုပါ စောင့်ရှောက်နေရသည်။ သို့ဖြစ် ရာ လင်ယောက်ျား၏ ၀င်ငွေတစ် ခုတည်းသာရှိသည့် အိမ်ထောင် အတွက် အခြားဝင်ငွေရသည့် အ လုပ်တစ်ခုခုကို မလုပ်နိုင်သည်မှာ ထင်ရှားနေသည်။ တိုင်းပြည်တစ် ခုလုံးအနေအထားနှင့်ကြည့်လျှင် အမျိုးသမီးနှင့် အမျိုးသားဦးရေမှာ တစ်ဝက်စီခန့်ရှိနေသည်ဖြစ်ရာ အမျိုးသမီးတွေ၏ လုပ်အား၊ ကုန် ထုတ်စွမ်းအားပါ ထည့်ပေါင်းနိုင် လျှင် ထိုတိုင်းပြည်၏ စီးပွားရေး တစ်ခုလုံးလည်း ထက်ဝက်မက  တိုးတက်သွားနိုင်မည်သာ။ ဒီလို ပြောသည့်အတွက် အမျိုးသမီး တွေ အိမ်ထောင်တာဝန်ယူတာ၊ သားသမီးတွေကို စောင့်ရှောက် တာက တိုင်းပြည် စီးပွားရေး လောက် အရေးမကြီးဟုဆိုလိုချင် တာမဟုတ်။ အမျိုးသမီးတွေ လည်း အိမ်ထောင်တာဝန်တစ် ဖက်နှင့် အလုပ်ခွင်ထဲ ၀င်နိုင် အောင်တန်းတူညီမျှသည့် အခွင့် အရေးတွေ ဖန်တီးပေးရမည်ကို ဆိုလိုခြင်းပင်။

အဓိက ဇာတ်ကြောင်းပြော သူက အိမ်ထောင်ပြုတော့မည်ဟု အသိပေးစဉ် မိခင်ဖြစ်သူက မ ကန့်ကွက်၊ မတိုက်တွန်းဘဲ ပြုံး၍ ကြည့်နေခဲ့သည်ဟုဆိုသည်။ ထို စဉ်က မိခင်ဖြစ်သူ၏ အပြုံးကိုနား မလည်ခဲ့။ အိမ်ထောင်ကျပြီးတော့ မှ ဒုက္ခတွေနှင့် ရင်ဆိုင်ရသည့်အ ခါ ဘ၀အကြောင်းကို ပိုနားလည် လာပြီး မိခင်၏ အပြုံးကို နား လည်နိုင်လာသည်။ အဓိကဇာတ် ဆောင်သည် အိမ်ထောင်တစ်ခု ထူထောင်ရန် လုံလောက်သည့် ပြင်ဆင်မှုတွေကို ဆောင်ရွက်ခဲ့ပုံ မရ။ အိမ်ထောင်တစ်ခုကို တည် ဆောက်ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်ကြရမည်။ ပညာမစုံခင်၊ အ သက်မွေးဝမ်းကျောင်း အလုပ်အ ကိုင် အတည်တကျမဖြစ်သေးခင် အိမ်ထောင်တစ်ခုကို ထူထောင် ဖို့ အလွယ်တကူ မဆုံးဖြတ်သင့်။ အိမ်ထောင်တစ်ခုအတွက် အစစ အရာရာ ပြင်ဆင်ကြရမည်။ ဘယ် မှာနေမှာလဲ၊ ဘာလုပ်စားကြမှာ လဲ၊ သားသမီးဘယ်နှယောက်ယူ မှာလဲ၊ သူတို့ကို ပညာတတ်အောင်၊ ကျန်းမာအောင်၊ လူတစ်လုံးသူ တစ်လုံးဖြစ်အောင် ဘယ်လို စောင့်ရှောက်ကြမှာလဲ။ ဒါတွေ က အချစ်ထက် အရေးပါသည်။ တဒင်္ဂ စိတ်လှုပ်ရှားမှုတွေထက် အရေးပါသည်။ ဒီကနေ့ခေတ်မှာ တော်ရုံတန်ရုံလူငယ်တွေက စဉ်း စားတတ်လာကြပြီ။ ကြိုတင်ပြင် ဆင်လာကြပြီ။ အတွေးအခေါ်ရှိ သူ၊ ပညာအခြေခံရှိသူတွေက ဘ၀ကို မိုက်ရူးရဲဆန်စွာ ဖြတ်သန်း ကြဖို့ တွန့်ဆုတ်တတ်ကြပြီ။ တစ် ဇွတ်ထိုး မလုပ်ကြတော့။ လွန်ခဲ့သည့်နှစ်ပေါင်း သုံးဆယ်ဟိုဘက်မှာတော့ လူတွေရဲ့ စဉ်းစားတွေးခေါ်မှုတွေ၊ သဘောထားတွေ၊ မျှော်မှန်းချက်တွေက ဒီကနေ့ခေတ်နဲ့တော့ ကွာခြားကောင်း ကွာခြားနေလိမ့်မည်။

အလုပ်ခွင်ထဲက သူတို့အ ပေါ် ဖိနှိပ်တတ်သည့် အလုပ်သ မားခေါင်းဆောင် သူဌေးလူယုံအ ပြင် အလုပ်ရှင် ‘သူဌေးနဲ့ပါ လက် ဖက်ရည်ဆိုင်တစ်ခုတွင် ဆုံတွေ့ သည် ဇာတ်ကွက်ဖြင့် စာရေးသူက ၀တ္ထုကို အဆုံးသတ်ထားသည်။ သူဌေးကိုဖားပြီး အလုပ်သမား တွေကို ဖိနှိပ်တတ်သည့် သူဌေး လူယုံ၏ စရိုက်၊ အလုပ်သမားတွေ ကို တန်ဖိုးမထားဘဲ အလုပ်သမား တွေရှေ့မှာ လုပ်ငန်းအရှုံးပေါ်နေ ကြောင်း အမြဲပြောလေ့ရှိပြီး တစ် ဖက်တွင် တိုက်ဆောက်နိုင်၊ ကား စီးနိုင်ခဲ့သည့် သူဌေး၏စရိုက်တွေ ကို စာရေးသူက စကားလုံးအနည်း ငယ်ကို အသုံးပြုပြီး ပေါ်လွင်အောင် သရုပ်ဖော်ပြသွားနိုင်ခဲ့သည်။

သူဌေးလူယုံက သူဌေးကို ဖားပြီး အလုပ်သမားတွေကို ဖိနှိပ် သည်။ ဒီအဖြစ်အပျက်တွေက ဒီ ကနေ့မှာလည်း ရှိနေနိုင်သည်။ အလုပ်သမားတွေကို တန်ဖိုးမ ထားဘဲ မိမိကိုယ်ကျိုးအတွက်သာ ကြည့်သည့် အလုပ်ရှင်တွေလည်း ရှိနေဦးမည်။ အလုပ်သမားတွေအ တွက် ထိုက်တန်သည့် လစာ၊ ထိုက်တန်သည့် လုပ်ငန်းခွင် အ ခြေအနေ၊ အာမခံချက်တွေ ရရှိဖို့ လိုအပ်သည်။ ဥပဒေကို လေးစား လိုက်နာမည်။ ဥပဒေထဲကအ တိုင်း လိုက်နာကြမည်ဆိုလျှင် အ လုပ်ရှင်အလုပ်သမား ရသင့် ရ ထိုက်သည့် အခွင့်အရေးတွေ၊ အားလပ်ရက်တွေ၊ နားချိန်တွေ စ သည့် ခံစားခွင့်တွေလည်း ပြည့် ပြည့်၀၀ရကြမည်။ ကုန်ထုတ်လုပ် မှုလည်း တိုးတက်မည်။ သာယာ ပျော်ရွှင်ဖွယ် ဘ၀တွေကို ဖန်တီး နိုင်ဖို့ အခွင့်အလမ်းတွေ အ ထောက်အကူတွေရမည်။

ထို့အပြင် အလုပ်ရှင်နှင့် အ လုပ်သမားကြားမှာ စာဖြင့်ရေးမ ထားသည့် စည်းနှောင်မှုတွေရှိဖို့ လိုသည်။ တစ်ဦးနှင့်တစ်ဦးစီးပွား ဖက်အဖြစ် ရှုမြင်ကြရမည်။ အ လုပ်ရှင်က အလုပ်တွေ ဖန်တီးပေး သဖြင့် အလုပ်သမားတွေ ၀င်ငွေရ သည်။ မိသားစုတွေ စိုပြည်သည်။ အလုပ်သမားတွေရှိလို့ လုပ်ငန်း တွေ လည်ပတ်ခွင့်ရသည်။ တစ် ဦးနှင့် တစ်ဦး အမှီသဟဲပြုကြရ သည့် အပြန်အလှန်သဘော တရားတွေဖြစ်သည်။ အလုပ်ရှင် က ဖိနှိပ်သူ၊ အမြတ်ထုတ်သူဖြစ် ပြီး အလုပ်သမားက ဖိနှိပ်ခံရသူ၊ အမြတ်ထုတ်ခံရသူ၊ နင်းပြား စ သည့်အတွေးအခေါ်တွေက ခေတ် မမီတော့သည့်အပြင် လက်တွေ့ မကျ။ ဒီကနေ့ ကမ္ဘာတစ်လွှားမှာ ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်နေ သည်က ပုဂ္ဂလိကစီးပွားရေးလုပ် ငန်းတွေဖြစ်သည်။ လူငယ်လူရွယ် တွေ ကိုယ်ပိုင်လုပ်ငန်းတွေကို စ တင်ကြသည်။ လုပ်ငန်းလေးတွေ ကနေ တဖြည်းဖြည်းကြီးထွားလာ ကြသည်။ အလုပ်အကိုင် အခွင့် အလမ်းတွေ အများကြီးကို ဖန် တီးပေးသည်။ အရေးကြီးသည်က လုပ်ငန်းနှင့်အတူ အလုပ်သမား တွေရဲ့ဘ၀တွေလည်း မြင့်မားတိုး တက်သွားဖို့ပင်။

  ဒီဝတ္ထုတိုကို ဖတ်ရှုပြီး နောက် နှစ်ပေါင်းသုံးဆယ်၏ ဟို ဘက်နှင့် ဒီဘက်ကို ယှဉ်ထိုးစဉ်း စား ကြည့်နေမိသည်။ လူတွေရဲ့ ဘ၀တွေ ပိုမိုတိုးတက်လာတာ လား၊ ပိုမိုဆုတ်ယုတ်လာတာ လား၊ တိုးတက်လာသည်ဆိုလျှင် ဘာကြောင့်လဲ၊ ဆုတ်ယုတ်လာ သည်ဆိုလျှင် ဘာကြောင့်လဲ အ ဖြေရှာကြည့်ဖို့ ကောင်းသည်။ ခေတ်တွေပြောင်းခဲ့ပြီ၊ အခြေအ နေတွေ ပြောင်းခဲ့ပြီမဟုတ်လား။

ရည်ညွှန်းကိုးကား- နှစ်ကာလ များ စာအုပ်တိုက်ထုတ် အသည်း ကွဲတစ်ယောက်ရဲ့ စွန်၊ မဂ္ဂဇင်း ၀တ္ထုတိုများ စုစည်းမှုတွင် ထပ်မံ ဖော်ပြထားသည့် သဲအိမ်မောင် နေ၀ါရေးသားသည့် ကောင်းကင် ပေါ်မှ မိုးတိမ်များ၊ မိုးဝေမဂ္ဂဇင်း၊ ဇွန်၊ ၁၉၈၀။ ကျော်စိုးလင်း

No comments:

Post a Comment