Tuesday, November 29, 2016

မင်းလှမြို့နယ်ရှိ ကျေးရွာငါးရွာတွင် ကျန်းမာရေးဌာနခွဲများ လာမည့် ဘဏ္ဍာ နှစ်၌ တည်ဆောက်မည်

မင်းလှမြို့နယ်ရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ကျေးရွာငါးရွာတွင် လာမည့် ဘဏ္ဍာနှစ်အတွင်း ကျေးလက်ကျန်းမာရေးဌာန တည်ဆောက်မည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ကတိက၀တ်ပြုခဲ့ကြောင်း မင်းလှမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကြီးက ပြောကြားသည်။ ကျန်းမာရေးဝန်ကြီးဌာနအ နေဖြင့် အမြဲတမ်းကျန်းမာရေးဝန် ထမ်းနှင့် ကျန်းမာရေး ဌာနထားရှိ ပေးရန် အစီအစဉ်ရှိ၊မရှိမင်းလှမြို့ နယ်ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ်က အောက်တိုဘာ ၇ ရက်တွင် ပြည်သူ့လွှတ်တော် အတွင်းကြယ်ပွင့်မပြ မေးခွန်းအဖြစ် မေးမြန်းခဲ့ရာ ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုဝင်ဘာ ၂၈ရက်၌ စာဖြင့် ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

‘‘မင်းလှမြို့နယ်ထဲက ကျေး ရွာအများစုက လမ်းပန်းဆက် သွယ်ရေးခက်ခဲ ပါတယ်။ အခုတင် ပြတဲ့ကျေးရွာငါးရွာက အမှန်ကို လည်း လိုအပ်မှု ရှိနေတယ်။ နောက်ပြီး ကျန်းမာရေးဝန်ကြီးဌာ နက သတ်မှတ်ထားတဲ့အချက် တွေနဲ့လည်း ပြည့်စုံတယ်။ ဒါ ကြောင့်လွှတ်တော်ကို တင်ပြမေး မြန်းခဲ့တာပါ’’ ဟု မင်းလှမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဦးကျော်ကြီးက ပြောကြားသည်။
ကျေးလက်ကျန်းမာရေးဌာန ရရှိရန် တင်ပြထားသည့်ကျေးရွာ ငါးရွာမှာ စမ်းအိုင်ကျေးရွာအုပ်စု စမ်းအိုင်ကျေးရွာ၊ ကျောက်လက် ခတ်ကျေးရွာအုပ်စု ဆားတောင် ကျေးရွာ၊ နဂါးကျေးရွာအုပ်စု နဂါး အိုင်ကျေးရွာ၊ ကျောက်ပန်းတောင်းကျေးရွာအုပ်စု မကျီးပင် ကျင်းကျေးရွာနှင့် လယ်လှကျေးရွာအုပ်စုလယ်လှကျေးရွာတို့ဖြစ်သည်။
အဆိုပါကျေးရွာများမှာ အ နီးဆုံးကျေးလက်ကျန်းမာရေးဌာ နနှင့် ၄ မိုင်ကျော်ခန့် ကွာဝေးပြီး မင်းလှမြို့နယ်ပြည်သူ့ဆေးရုံနှင့် မိုင်သုံးဆယ်ကျော် ကွာဝေးကာ ခြေလျင်ခရီး သွားလာနေရသော လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ကျေးရွာများဖြစ်သည်။
အဆိုပါ ကျေးရွာများတွင် ကျေးလက်ကျန်းမာရေးဌာနများ တည်ဆောက်ပေးနိုင်မည်ဆိုပါက အနည်းဆုံးလူဦးရေ ၁,၈၀၀ကျော် မှ ၃,၀၀၀ ခန့် ကျန်းမာရေးကာ ကွယ်စောင့်ရှောက်မှုပေးနိုင်မည် ဖြစ်ကြောင်း မင်းလှမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။
တိုင်းကျန်းမာရေးဦးစီးဌာန မှူး ထောက်ခံတင်ပြချက်အရ လာမည့် (၂၀၁၇-၁၈) ဘဏ္ဍာနှစ်၌ ဖွဲ့စည်းပုံခွင့်ပြုမိန့် ရရှိရေး ဆောင်ရွက်မည်ဖြစ်ကြောင်းပြည် ထောင်စုဝန်ကြီး၏ ဖြေကြားစာ တွင် ဖော်ပြထားသည်။
လက်ရှိတွင် မင်းလှမြို့နယ် အတွင်း မြို့နယ် ဆေးရုံတစ်ရုံ၊ တိုက်နယ်ဆေးရုံ နှစ်ရုံနှင့် တည် ဆောက်နေဆဲတိုက်နယ်ဆေးရုံ တစ်ရုံ၊ ကျေးလက်ကျန်းမာရေးဌာ နခုနစ်ခုနှင့် ကျေးလက်ကျန်းမာ ရေးဌာနခွဲ ၂၇ ခုရှိကြောင်း မင်း လှမြို့နယ်ပြည်သူ့ကျန်းမာရေး ဦး စီးဌာနမှူးကဆိုသည်။
7Day Daily

No comments:

Post a Comment