Saturday, November 26, 2016

နိုရူလာတောင်ရွာအတွင်း နေအိမ်တစ်လုံးမီးရှို့မှုဖြစ်ပွား

မောင်တောမြို့နယ်၊ နိုရူလာတောင်ရွာအတွင်း ယနေ့ နံနက်ပိုင်းက နေအိမ်တစ်လုံးအား မီးရှို့မှု ဖြစ်ပွားခဲ့သည်။ နံနက် ၂ နာရီ ၁၀ မိနစ်တွင် မောင်တောမြို့နယ်၊ တပ်ဦးချောင်း ကျေးရွာအုပ်စု၊ နိုရူလာတောင်ရွာ အတွင်း လူနေထိုင်ခြင်းမရှိသည့် အဒူရော်ဟိမ်း ၏ နေအိမ် မီးလောင်ခဲ့ခြင်း ဖြစ်သည်။ မီးလောင်မှုအား နိုရူလာ ရဲကင်းစခန်းမှ ကျေးရွာရာအိမ်မှူး မော်ဂျီဘူရဂာမန်သို့ ဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားသော်လည်း ရွာသား တစ်ဦးတစ်ယောက်မျှ လာရောက်ငြိမ်းသတ်ခြင်း မရှိသဖြင့် တာဝန်ကျ ရဲတပ်ဖွဲ့ဝင် များ မီးငြှိမ်းသတ်ခဲ့ကြသဖြင့် အခြားအိမ်များကို ကူးစက်လောင်ကျွမ်းမှု မရှိဘဲ အဆိုပါ နေအိမ်တစ်လုံးသာ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment