Monday, November 28, 2016

အမေရိကန်-မလေးရှားဆက်ဆံရေး ခိုင်မာတောင့်တင်းစေရန် နာဂျစ်နှင့် ထရန့်တို့ ဖုန်းခေါ်မှုတွင် သဘောတူ

မလေးရှားဝန်ကြီးချုပ်နာဂျစ်ရာဇတ်က ၄င်းနှင့် အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်တို့သည် နှစ်နိုင်ငံကြားဆက်ဆံရေးကို ခိုင်မာတောင့်တင်းစေရေး လုပ်ဆောင်ရန် သဘောတူညီခဲ့ကြကြောင်း ပြောကြားခဲ့သည်။ မလေးရှားဝန်ကြီးချုပ်က ၄င်း၏ ဖေ့ဘုတ်အကောင့်တွင် တနင်္ဂနွေနေ့အစောပိုင်း၌ နွေးထွေးပြီး အပြုသဘောဆောင်သည့်ဖုန်းဆက်သွယ်ပြောဆိုမှု ပြုလုပ်ခဲ့ကြောင်း ရေးသားခဲ့သည်။ ဝန်ကြီးချုပ် နာဂျစ်က "အခြားကိစ္စရပ်တွေထဲမှာ အမေရိကန်နဲ့ မလေးရှားနိုင်ငံတို့ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနဲ့ပတ်သက်လို့ ပြောဆိုဆွေးနွေးခဲ့ကြပါတယ်၊ ရွေးကောက်ပွဲမှာအောင်နိုင်ခဲ့တဲ့အတွက် ကျွန်တော်သူ့ကို ဂုဏ်ပြုခဲ့ပါတယ်၊ ပြီးတော့ အမေရိကန်-မလေးရှားဆက်ဆံရေး ပိုမိုခိုင်မြဲစေဖို့ သဘောတူခဲ့ကြပါတယ်" ဟုပြောဆိုခဲ့ပြီး ထရန့်၏ ရွေးကောက်ပွဲအောင်နိုင်မှုနှင့်ပတ်သက်၍ ပြန်လည်ချိတ်ဆက်ဆောင်ရွက်နိုင်ရန်အခွင့်အလမ်းကောင်း ဖြစ်ကြောင်း ထပ်လောင်းပြောကြားသည်။ ရီပါဘလစ်ကန်ပါတီမှ ဒေါ်နယ်ထရန့်သည် ယခုလအစောပိုင်းတွင် ကျင်းပခဲ့သည့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ ဟီလာရီကလင်တန်ကို အနိုင်ရရှိခဲ့ပြီး ၄၅ ဦးမြောက်အမေရိကန်သမ္မတဖြစ်လာခဲ့သည်။ Ref:Bernama

No comments:

Post a Comment