Monday, November 28, 2016

ဗီဇာကင်းလွတ်ခွင့်ဖြင့် တရားမ၀င်အိမ်အကူလုပ်သားများစင်ကာပူသို့ သွားရောက်ခြင်းမရှိရန် နှစ်နိုင်ငံလေဆိပ်ချိတ်ဆက်၍ တင်းကျပ်စွာစစ်ဆေးနေ

 စင်ကာပူ- မြန်မာဗီဇာကင်းလွတ်ခွင့်ဖြင့် တရား မ၀င် အိမ်အကူလုပ်သားများ သွား ရောက်ခြင်းကို ကာကွယ်နိုင် ရန် နှစ် နိုင်ငံလေ ဆိပ်များ ချိတ်ဆက်ညှိနှိုင်း ၍ တင်းကျပ်စွာစစ်ဆေးနေကြောင်း အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။ ဒီဇင်ဘာ ၁ ရက်မှ စတင်ကာ နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့်ပြုခြင်း အပေါ် အခွင့်ကောင်းယူကာ တရား မ၀င် အိမ်အကူ လုပ်သား များ စင်ကာ ပူသို့ သွားရောက်လုပ်ကိုင်မှုများ ပိုမို များပြားလာနိုင်သဖြင့် ယခုမှစ ၍ နှစ် နိုင် ငံလေ ဆိပ် ချိတ်ဆက် ၍ ဆောင် ရွက်နေခြင်းဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်း ၀န် ဦးမျိုးအောင် က နိုဝင်ဘာ ၂၆ ရက် တွင် ပြောသည်။

"အိမ်ဖော်ကို နဂိုကတည်းက အခုထက်ထိ တရားဝင်မလွှတ်သေး ဘူးလို့ပြော ထားပြီးသားပါ။ ဟိုဘက် နိုင်ငံကိုလည်း ဒီလိုပဲ ညှိထားတယ် ။တရားဝင်မလွှတ် ဘူးဆိုတာက စင်ကာ ပူမှာ အသက် ၂၃ နှစ်မှ အိမ်ဖော်လုပ် ခွင့်ရတာ။ တို့ဆီကတော့ အဲ့လို မဟုတ် ဘဲ အသက်လိမ်ပြီးတော့ သွားနေ ကြတာလေ။ နောက်ပြီးတော့ လုပ်ငန်း ခွင်ကိုမလေ့လာ ဘဲ သွားတာတွေ၊ ဟို ကျတော့ပြဿ နာတွေ တက်ရော၊ နောက်အဆိုးဆုံးက ဘာသာစကား၊ ဘာသာစကားက ဘာမှမတတ်တော့ ဟိုကအိမ်ရှင်က လိုချင်တာနဲ့ လုပ်ပေး တာနဲ့က တလွဲတွေဖြစ်တော့ ပြဿ နာ တွေအများကြီးပဲ။ နေ့စဉ် သံရုံးမှာ လည်း တစ်နေ့ကို တစ်ယောက် ၊ နှစ် ယောက် ပုံမှန်လာပြီးတော့မှ တိုင် ကြားတာတွေအများကြီးပဲ။ တတ်နိုင် သမျှတော့ ဖမ်းနေတာပဲ လေဆိပ်မှာ လည်း ပူးပေါင်းရေးအဖွဲ့တွေနဲ့ လုပ် ပြီးတော့မှ Visit Visa နဲ့ သွားတယ် ဆိုရင် ရှိုးမန်းနီး၊ အပြန်လေယာဉ် လက်မှတ် အဲ့ဒါတွေကိုလည်း သေချာ စစ်ပြီးတော့ လုပ်နေတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကဆိုရင်လည်း ရန်ကုန်လေ ဆိပ်မှာ အဲ့လိုတွေစစ်လို့ ထွက်မရတော့ မန္တလေးလေဆိပ်ကနေထွက်ဖို့ ကြိုး စားတာတွေရှိတယ် " ဟု အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ပြောသည်။
ယင်းသို့ တရားမ၀င်ပွဲစားများ ဖြင့် ပြည်ပသို့ အလုပ်သွားရောက် လုပ် ကိုင် သည့်စနစ်ကို တားမြစ်လိုသည့် အတွက် ပြည်ပသို့ သွားရောက် လုပ် ကိုင်မည့် လုပ်သားများကို Visit Passport ဖြင့် သွားခွင့်တားမြစ်ကာ Job Passport ဖြင့်သာ သွားရောက်ရ မည်ဟု ကြပ်မတ်ခြင်းဖြစ်ကြောင်း၊ စင်ကာပူ တွင် အလုပ်သမားသံအရာ ရှိထားရှိနိုင်ရေးကိုလည်း လုပ်ဆောင် နေကြောင်း အမြဲတမ်း အတွင်း ၀န် ဦးမျိုးအောင်က ပြောသည်။
မြန်မာအစိုးရအနေနှင့် စင်ကာ ပူသို့ အိမ်အကူလုပ်သားစေလွှတ်ခွင့် ကို ပိတ်ပင် ထားသော်လည်း စင်ကာ ပူတွင် တရား မ၀င် မြန်မာ အိမ်အကူ လုပ် သား ၃၀၀၀၀ ကျော်ခန့်ရှိနေ ကြောင်း စင်ကာပူရှိ မြန်မာအဖွဲ့ စည်းအချို့ တို့၏ ခန့်မှန်းချက် အရ သိရသည်။
ZCH

No comments:

Post a Comment