Friday, November 18, 2016

ပြည်ခိုင်ဖြိုး ရမည်းသင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခံရ

ပြည်ခိုင်ဖြိုးပါတီကိုယ် စားပြုဝင်ရောက်ယှဉ်ပြိုင်သော ရမည်းသင်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်နှင့် တိုင်းဒေ သကြီးလွှတ်တော်ကိုယ်စားလှယ် နှစ်ဦးသည် ရွေးကောက်ပွဲကန့် ကွက်လွှာအမှု ရှုံးနိမ့်၍ ကိုယ်စား လှယ်အဖြစ်မှ ရုပ်သိမ်းခံရ ကြောင်း သတင်းရရှိသည်။ြ ပည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အထူးအယူခံခုံရုံးက နိုဝင်ဘာ ၁၇ ရက်တွင် အပြီးသတ် အမိန့်ချမှတ်ခဲ့ပြီး ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲ၌ ဘာသာရေး၊ လူမျိုးရေးအကြောင်းပြ မဲဆွယ် သည်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီမှ ရမည်းသင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးကို ဒီချုပ် ပါတီမှ လွှတ်တော်ကိုယ်စားလှယ် လောင်းများဖြစ်သည့် ဦးထွန်း ထွန်းဝင်းနှင့် ဦးအောင်မျိုးဦးတို့က ရွေးကောက်ပွဲကန့်ကွက် လွှာအမှု တင်သွင်းခြင်းဖြစ်သည်။

ဥပဒေရေးရာနှင့် အထူးကိစ္စ ရပ်များ လေ့လာဆန်းစစ်သုံးသပ် ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် ပြည် ခိုင်ဖြိုးပါတီမှ ရမည်းသင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးကိုကိုနိုင်နှင့် ရမည်းသင်း မြို့နယ်မှ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးကျော်မြင့် တို့ကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းကာ ရွေးကောက်ပွဲကန့်ကွက်လွှာတင် သွင်းသည့် ဒီချုပ်မှ ကိုယ်စားလှယ် လောင်း နှစ်ဦးအား အနိုင်ပေးခဲ့ခြင်းဖြစ် သည်။
ယင်းအမှုကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရွေး ကောက်ပွဲခုံအဖွဲ့(၄)က အောက် တိုဘာ ၂ ရက်က ဆုံးဖြတ်ချက်ချ မှတ်ခဲ့ရာတွင် ကန့်ကွက်လွှာကို ပယ်ချကာ ပြည်ခိုင်ဖြိုးကိုယ်စား လှယ်နှစ်ဦးအား အနိုင်ပေးခဲ့သော် လည်း ဒီချုပ်ကိုယ်စားလှယ်နှစ်ဦး က ကျေနပ်မှုမရှိဘဲ အထူးအယူ ခံခုံရုံးသို့ အယူခံမှုလျှောက်ထား ခဲ့ရာ ယခုကဲ့သို့အပြီးသတ် အမိန့် ချမှတ်ခြင်းဖြစ်သည်။
‘‘သူတို့အမြင်၊ သူတို့ရဲ့ ဆုံး ဖြတ်ချက်ပါပဲ။ ဥပဒေအရ တရား ၀င်အတည်ပဲလေ။ ကျွန်တော်က U Ko Ko Naing ဖေ့စ်ဘွတ်ခ်မှာရေးထားတဲ့အတိုင်းပဲခင်ဗျ’’ဟု ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခံရသည့် ရမည်းသင်းမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်က ပြောသည်။
သုံးဦးပါ ခုံအဖွဲ့(၄) က အနိုင် ပေးပြီးဖြစ်သော်လည်း ငါးဦးပါအထူးအယူခံခုံရုံးက မူလဆုံးဖြတ်ချက်ကို ပယ်ချကာ ဒီချုပ်ကိုယ် စားလှယ်နှစ်ဦးအား အနိုင်ပေး သည့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ ခြင်းဖြစ်သည်ဟု ကိုယ်စားလှယ် အဖြစ်မှ ပယ်ချခံရသည့် ရမည်း သင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (ဟောင်း) ဦးကျော်မြင့်က ပြောသည်။
ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်က မဲခုနစ်သောင်းကျော် ရတယ်။ ကျွန်တော့်အခြမ်းမှာ ကျွန်တော်က မဲသုံးသောင်းကျော် ရတယ်။ ပြည်သူလူထုရဲ့ ဆန္ဒမဲ တွေ ခုံရုံးအဖွဲ့ ငါးယောက်ရဲ့ ဆုံး ဖြတ်ချက်ကြောင့် ပျက်ပြယ်သွား တာ စိတ်မကောင်းပါဘူး။ မြို့နယ်အတွက်လည်း စိတ်မကောင်းပါ ဘူး’’ဟု ဦးကျော်မြင့်က ပြော ကြားသည်။
ရွေးကောက်ပွဲမဲဆွယ်ကာ လအတွင်း မျိုးစောင့်ဥပဒေအောင် ပွဲများ ပြုလုပ်ကာ ဘာသာရေး၊ လူမျိုးရေးအကြောင်းပြ မဲဆွယ် ခြင်း၊ မဘသဆရာတော်များနှင့် ပူးပေါင်းကာ ဘုန်းကြီးကျောင်း များ၌ မဲဆွယ်ပွဲများပြုလုပ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ (၁/၂၀၁၄) ကြေ ညာချက်များကို ချိုးဖောက်သည် ဆိုကာ ရွေးကောက်ပွဲကန့်ကွက် လွှာအမှု တင်သွင်းခဲ့ခြင်းဖြစ် သည်ဟု ရွေးကောက်ပွဲကန့်ကွက် လွှာအမှု အနိုင်ရသည့် ဒီချုပ် ပါတီ၏ ရမည်းသင်းမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောသည်။
7 Day

No comments:

Post a Comment