Monday, November 21, 2016

စပါးအသင်းတွင် ကာလကြာရှည် ဆက်လက်ကစားသွားလိုသည်ဟု ဟယ်ရီကိန်းပြော

စပါးအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုနိုင်ရန် ဆွေးနွေးနေကြောင်းနှင့် စပါးအသင်းတွင် ကာလကြာရှည် ဆက်လက်ကစားသွားလိုသည်ဟု အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းက ပြောဆိုလိုက်သည်။ စပါးနည်းပြပိုချက်တီနိုကလည်း ၎င်းတို့၏ အဓိက တိုက်စစ်မှူးကို စာချုပ်သစ်ချုပ်ဆိုနိုင်ရန် ယခုတစ်ပတ်အတွင်း သဘောတူညီမှု ရယူနိုင်မည်ဟု ယုံကြည်လျက်ရှိသည်။ လက်ရှိတွင် ဟယ်ရီကိန်းကို မန်ယူအသင်းနှင့် အေစီမီလန်အသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိနေကြသည်။ ၀က်ဟမ်းအား စပါးအသင်းက သုံးဂိုး-နှစ်ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင် နှစ်ဂိုးသွင်းယူပေးခဲ့သည့် ဟယ်ရီကိန်းက ‘ ကျွန်တော်ပျော်ပါတယ်။ ဒီပွဲခြေစွမ်းက ကျွန်တော်ကောင်းကောင်းလုပ်နိုင်တယ်ဆိုတာ ပြသတာပါ။ လူတွေက စာချုပ်ကိစ္စကိုတွေးတောနေကြပြီး စိတ်ပူနေကြပါတယ်။ ကျွန်တော်ဒီအသင်းမှာ ပျော်ပါတယ်။ စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးနေပါပြီ။ ကျွန်တော်တို့ သဘောတူညီမှု ရယူနိုင်မယ်ဆိုတာကို သံသယမရှိပါဘူး။ စပါးအသင်းမှာ အချိန်အကြာကြီးကစားသွားလိုပါတယ်’ ဟု ဟယ်ရီကိန်းက ပြောဆိုခဲ့သည်။ အောင်ငြိမ်းသွေး

No comments:

Post a Comment