Saturday, November 19, 2016

သရေခေတ္တရာရှေးဟောင်းဇုန်တွင် ပျူခေတ်ရှေးဟောင်းရုပ်လုံးကြွ မြေမီးဖုတ်အုတ်ခွက်ကြီး နှစ်ခု တူးဖော်တွေ့ရှိ

 ပြည်မြို့ ကမ္ဘာ့အမွေအနှစ် ၀င်ဒေသဖြစ်သည့် သရေခေတ္တ ရာ ရှေးဟောင်းဇုန်အတွင်း သု တေသနပြုတူးဖော်ရေးပြုလုပ်ရာမှ ထုထည်ကြီးမားသည့် ပျူခေတ် ရှေးဟောင်း ရုပ်လုံးကြွ မြေမီးဖုတ်အုတ်ခွက်ကြီးနှစ်ခု တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ နိုဝင်ဘာ ၁၆ ရက်က သရေ ခေတ္တရာဇုန်အတွင်းရှိ ခင်ဘကုန်း မြေကို တူးဖော်ခြင်းများ ပြုလုပ် ရာမှ အဆိုပါအုတ်ခွက်ကြီးနှစ်ခု ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သရေခေတ္တရာ ရှေးဟောင်းဌာနစု ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောသည်။ ‘‘သရေခေတ္တရာဇုန်အတွင်း မှာ တူးဖော်သုတေသနပြုတဲ့ကာ လတစ်လျှောက် ဒီလိုကြီးမားတဲ့ ရုပ်လုံးကြွ မြေမီးဖုတ် အုတ်ခွက် ကြီးကြီးတွေ မတွေ့ဖူးသေးဘူး။ ဒါကတော့ ပထမဆုံးလို့ ပြောလို့ ရတယ်’’ ဟု ဦးကျော်မျိုးဝင်းက ပြောသည်။



တူးဖော်တွေ့ရှိခဲ့သည့်အုတ်ခွက်ကြီးတစ်ခုလျှင် အလျား ၈၁ စင်တီမီတာ၊ အနံ ၅၇ စင်တီမီတာနှင့် ထုထည် ၁၂ စင်တီမီတာ အရွယ်အစားရှိသည်။ အုတ်ခွက်နှစ်ခု၏ ပုံစံသည် နတ်သမီး တစ်ပါးက ကလေးငယ်နှစ်ဦးအား ပေးကမ်းနေပုံနှင့် ပလ္လင်ပေါ် ထိုင်နေသည့် ယပ်တောင်အရှည် ကိုင်ထားသော အဘိုးအိုအား လူနှစ်ဦးက ထမ်းပိုးထားသည့် ပုံစံများဖြစ်သည်။

အဆိုပါအုတ်ခွက်ကြီးနှစ်ခု ကို ရေရှည်လေ့လာနိုင်ရန် ဓာတု ဗေဒနည်းပညာဖြင့် ထိန်းသိမ်း ခြင်း၊ သုတေသနပြုခြင်းများဆက်လက် ပြုလုပ်မည်ဖြစ်ကြောင်း သရေခေတ္တရာ ဌာနစုမှ သိရသည်။

သရေခေတ္တရာရှေးဟောင်း ဇုန်အတွင်းရှိ ခင်ဘကုန်းမြေကို ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်က စတင်တူးဖော်ခဲ့ပြီး ယခု တွေ့ရှိသည့် မြေမီးဖုတ် အုတ် ခွက်ကြီးနှစ်ခုအပါအ၀င် ရွှေပြား အ၀ိုင်းနှင့် ရွှေတိုရွှေစများ၊ တိုင် ဖုံးပန်း၊ ပွတ်လုံးတိုင်၊ ကြာပန်း စ သည့် မြေမီးဖုတ်ရုပ်လုံးကြွ အပိုင်းအစများအရေအတွက် သုံးဆယ်ခန့် တူးဖော်တွေ့ရှိထားကြောင်း တူးဖော်ရေးအဖွဲ့မှ သိရသည်။

‘‘ခင်ဘကုန်းမြေကို တူးဖော် နေတာဆိုရင် အခုမှ ၂၅ ရာခိုင် နှုန်းလောက်ပဲရှိသေးတယ်။ ဆက် လက်တူးဖော် သုတေသနပြုလုပ် မှာဖြစ်သလို ခင်ဘကုန်းအနီးမှာ ရှိတဲ့ သာယာဝတီတံခါးဝ အရှေ့ ဘက် လက်တံကိုလည်း တူးဖော် မှုတွေ စတင်နေပါပြီ’’ ဟု ရှေး ဟောင်းသုတေသနနှင့် တူးဖော် ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုအခါ ခရီးသွားကာလသို့ ရောက်ရှိလာပြီဖြစ်၍ သရေခေတ္တ ရာ ရှေးဟောင်းဇုန်အတွင်း ပြည် ပခရီးသွားများ လာရောက်မှုများ ပြားလာကြောင်း၊ တစ်ရက်လျှင် ပြည်ပခရီးသွားဦးရေတစ်ရာခန့် လာရောက် လေ့လာလျက်ရှိပြီးသုတေသနပြု တူးဖော်ရေးလုပ်ငန်းနေရာများသို့လည်း လာရောက်လေ့လာနိုင်ကြောင်း သရေခေတ္တရာဌာနစုမှ သိရသည်။ ဇော်မင်းထိုက်

No comments:

Post a Comment