Monday, November 28, 2016

"ဂုတ်တွင်းတံတားအသစ်တစ်စင်း ထပ်မံဆောက်ဖို့ နောင်ချိုဒေသခံတွေနဲ့ ပြေလည်မှုမရသေး"

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြိုမှာ မြို့ရှောင်လမ်း အပါအ၀င်၊ ဂုတ်တွင်းတံတားနဲ့အပြိုင် တံတားတစ်စင်း တည်ဆောက်ဖို့ ဆောင်ရွက် နေတာနဲ့ပတ်သတ်ပြီး ဒေသခံတွေရဲ့ မြေတွေနဲ့ အိမ်တွေ ဆုံးရှုံးနစ်နာမှုတွေ ရှိနေတယ်လို့ နောင်ချိုဒေသခံ တောင်သူအချို့ကပြောပါတယ်။ နောင်ချိုမြို့နယ် ထဲမှာရှိတဲ့ ကျေးရွာ ၁၅ ရွာ မှတောင်သူ ၁၉၀ကျော်ရဲ့ လယ်မြေ၊ ယာမြေ၊မြို့မြေ ဧကပေါင်း ၃၄၃ဧကကျော်ဟာ စီမံကိန်း ဧရိယာထဲ ပါဝင်နေတယ်လို့ နောင်ချိုဒေသခံ တောင်သူလယ်သမား ကိုယ်စားလှယ် ဦးဇော်ဝင်းအောင်က ပြောပါတယ်။ ဒေသခံတွေ အနေနဲ့ ဆုံးရှုံးနစ်နာမှုတွေကို တောင်းဆိုထားတဲ့ လျော်ကြေးအတွက် ရှမ်းပြည်နယ် အစိုးရနဲ့ ကုမ္မဏီဘက်က မဆောင်ရွက် ပေးဘူးဆိုရင် ဆန္ဒဖော်ထုတ်တာတွေ လုပ်ဆောင်သွားမယ်လို့ နောင်ချိုဒေသခံ တောင်သူတွေက ပြောပါတယ်။

No comments:

Post a Comment