Tuesday, November 22, 2016

စိုက်ပျိုးရေးဒုဝန်ကြီးကိစ္စ လုပ်ထုံးလုပ်နည်းနှင့် အညီလုပ်ခဲ့ခြင်း သာဖြစ်ကြောင်း ဒေါက်တာအောင်သူဆို

စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး  ရာထူးမှ ရပ်စဲခံရခြင်းနဲ့ ပတ်သတ်ပြီးလုပ်ထုံးလုပ်နည်းနဲ့အညီလုပ်ခဲ့ တာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူက ပြောပါတယ်။ "သူ (ဒုဝန်ကြီး) တာဝန်ကရပ်စဲတာနဲ့ပတ်သက်ပြီး လုပ်ထုံး လုပ်နည်းနဲ့ အညီလုပ်တာဖြစ်လို့ သီးခြားပြောစရာမရှိပါဘူး"လို့  ဒေါက်တာအောင်သူက နိုဝင်ဘာ ၂၀ မှာ အမျိုးလွှတ်တော်မှာ သတင်းမီဒီယာတွေနဲ့တွေ့ဆုံစဉ် ပြောပါတယ် ။ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းကို  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၅ ၊ပုဒ်မခွဲ (ဂ) ၊ပုဒ်မခွဲငယ် (၁)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၆၉ ၊ပုဒ်မခွဲ(က) တို့ ပါပြဌာန်းချက်များအရ တာဝန်မှရပ်စဲကြောင်း  နိုင်ငံတော်သမ္မတရုံးက နိုဝင်ဘာ ၁၈ မှာ ထုတ်ပြန်ကြေညာခဲ့တာပါ ။ ဒေါက်တာထွန်းဝင်းကတော့ ပြည်ထောင်စုဝန်ကြီးနဲ့  စက်တင်ဘာလမှာ ပြသနာဖြစ်ပြီးနောက်ပိုင်း တာဝန်မှ  ရပ်စဲခံရခြင်းဖြစ်ပြီး သူ့အနေနဲ့ ဖြေရှင်းခွင့်မရခဲ့ဘူးလို့  သတင်းမီဒီယာတွေကို ပြောကြားထားပါတယ်။ စိုင်းလမင်း

No comments:

Post a Comment