Monday, November 21, 2016

ကုန်သေတ္တာယာဉ်များ ညပိုင်းတွင်သာ မောင်းနှင်ရမည့်အစီအစဉ်ကို ယနေ့အပြီးသတ်ဆုံးဖြတ်မည်

ရန်ကုန်မြို့အတွင်း ကုန် သေတ္တာတင်ယာဉ်များ ညအချိန်သာ မောင်းနှင်စေမည့်အစီအစဉ်နှင့်ပတ်သက်၍ နိုဝင်ဘာ ၂၁ ရက် (ယနေ့)တွင် အတည်ပြုဆုံးဖြတ်မည်ဖြစ်ကြောင်းသတင်းရရှိသည်။ ကုန်သေတ္တာတင်ယာဉ်များ နှင့်ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က နိုဝင် ဘာ ၂၁ ရက် ညနေတွင် အစည်း အဝေးပြုလုပ်ပြီး အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင် မည်ဟု ရန်ကုန်မြို့ သယ်ယူပို့ ဆောင်ရေး အာဏာပိုင်အဖွဲ့ အ တွင်းရေးမှူး ဒေါက်တာမောင် အောင်က ပြောကြားသည်။ ‘‘မနက်ဖြန် (နိုဝင်ဘာ ၂၁ ရက်)အစည်းအဝေးပြီးရင် သိရ ပြီ။ ထိပ်တိုက်တွေ့ဆုံဆွေးနွေးပြီး အဲဒီအစည်းအဝေးမှာ ဆုံးဖြတ် မှာ’’ဟု ၎င်းက ဆိုသည်။



အဆိုပါ ကုန်သေတ္တာတင် ယာဉ်များသည် ယာဉ်ကြောပိတ် ဆို့မှု ဖြစ်ပေါ်စေသည့်အကြောင်း အရာများထဲမှ တစ်ခုဖြစ်၍ ယာဉ်ကြောကျပ်တည်းမှု လျော့ပါးစေ ရန် နိုဝင်ဘာ ၁ ရက်ကစ၍ အချိန် ကန့်သတ်ပြေးဆွဲစေမည်ဟု ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က အောက်တိုဘာအတွင်း ထုတ် ပြန်ခဲ့သည်။

သို့သော် အောက်တိုဘာလ ကုန်တွင် ယင်းအစီအစဉ်နှင့်ပတ် သက်၍ ပြန်လည်သုံးသပ်ခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်ရန်ရှိနေ သည်ဆိုကာ စီမံချက်စတင်မည့် ကာလကို ရွှေ့ဆိုင်းခဲ့သည်။

 ကုန်သေတ္တာတင်ကားများ ကို နိုဝင်ဘာ ၁ ရက်ကစ၍ ည ၉ နာရီမှ မနက် ၆ နာရီအထိသာ သတ်မှတ်လမ်းကြောင်းများအ တွင်း ပြေးဆွဲခွင့်ပေးတော့မည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က မူလက ကြေညာထား ခြင်းဖြစ်သည်။ ‘‘အစည်းအဝေးရှိတယ်လို့တော့ကြားတယ်။ စီမံချက်ဘယ်တော့စမလဲဆိုတော့ ကားသမား တွေလည်း စိတ်ဝင်စားစောင့်နေ ကြတာပဲ။ အခုထိတော့ ဘာမှ တိတိကျကျမသိရသေးဘူး’’ဟု ကုန်သေတ္တာတင် ယာဉ်ပိုင်ရှင် တစ်ဦးက ပြောသည်။

ထိုသို့ အချိန်ကန့်သတ်ခြင်း ကြောင့် ကုန်သေတ္တာတင်ယာဉ် များ မောင်းနှင်အသုံးပြုနေသည့် လမ်းကြောင်းများတွင် နေ့လယ် ခင်းအချိန်များ၌ ယာဉ်ကြောကျပ် တည်းမှု လျော့ပါးနိုင်သည်ဟု ခရီးသွားအချို့က သုံးသပ်ပြီး ကုန်သေတ္တာတင်ယာဉ်ပိုင်ရှင်အချို့ က ၎င်းတို့အတွက် လုပ်ငန်းလုပ်ကိုင်ရသည်မှာ ပို၍ခက်ခဲလာစေ ပြီး ကုန်စည်နှင့်ဆက်စပ်သည့် လုပ်ငန်းများကို ထိခိုက်မှုရှိလာစေနိုင်သည်ဟု ပြောကြားထားသည်။

No comments:

Post a Comment