Thursday, November 24, 2016

ကျောက်ဖြူတွင် ဒေ၀ူးကုမ္ပဏီမှ လှူဒါန်းသည့် အမှိုက်မီးရှို့စက်ပုံမှန် လည်ပတ်နိုင်ရန် အစီအစဉ်များ ရေးဆွဲနေ

ရခိုင် ပြည်နယ်ကျောက်ဖြူမြို့တွင် ကိုရီး ယားဒေ၀ူးကုမ္ပဏီမှလှူဒါန်းသည့် ကျပ်သိန်း ၄၀၀ တန် အမှိုက်မီးရှို့ စက်မှ ပုံမှန်လည်ပတ်မီးရှို့ဖျက်ဆီး နိုင်ရေးအစီအစဉ်များရေးဆွဲနေ ကြောင်း ကျောက်ဖြူမြို့ ဓူဝံကြယ် နာရေးကူညီမှုအသင်းမှသိရသည်။ အမှိုက်မီးရှို့စက်အား အစမ်း လည်ပတ်ရာ တစ်ရက် ဒီဇယ်ဆီ၊ လုပ်အားခ၊အမှိုက်များအားသယ်ယူ ရွှေ့ပြောင်းခအပါအ၀င်အထွေထွေ ကုန်ကျစရိတ်မှာကျပ်တစ်သိန်းဝန်း ကျင်ထိရှိပြီး ငွေကြေးဘတ်ဂျက်လုံ လောက်စွာရရှိရေးနှင့် ပတ်သက်၍ မြို့နယ်စည်ပင်၊ မြို့နယ်အာဏာပိုင် အဖွဲ့များ၊ ဒေ၀ူးကုမ္ပဏီမှ တာဝန်ရှိ သူများနှင့်ဆွေးနွေးပြီး ကုန်ကျစရိတ်များအား ပြည်နယ်အစိုးရထံတင် ပြရန် ဆွေးနွေးနေခြင်းဖြစ်သည်။

""မီးရှို့စက်ပုံမှန်လည်ပတ်နိုင်ဖို့ စည်ပင်မှာလည်း ဘတ်ဂျက်မရှိလို့ လက်မခံနိုင်သေးဘူး။ ဒေ၀ူးကလည်း ကုန်ကျစရိတ်အားလုံးကိုမလှူနိုင် ဘူး။ ဒါကြောင့် ပုံမှန်လည်ပတ်နိုင်ဖို့ ငွေကြေးကုန်ကျမှုစာရင်းနဲ့ပတ်သက် ပြီး အစီအစဉ်ရေးဆွဲနေပါတယ်။ ရေး ဆွဲပြီးရင် ပြည်နယ်အစိုးရဆီကို တင် ပြသွားမှာပါ""ဟု ကျောက်ဖြူဓူဝံ ကြယ်နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးမောင်မောင်အောင်က ပြောသည်။
ကျောက်ဖြူမြို့တွင် မြို့ပေါ် ရပ်ကွက်ကိုးခုနှင့် မြို့ပြဧရိယာများ မှ တစ်နေ့တွင်အမှိုက်တန်ချိန်သုံး တန်မှ လေးတန်ဝန်းကျင်ထွက်ရှိပြီး လက်ရှိတွင် အမှိုက်များအား မီးရှို့ ဖျက်ဆီးရန်ဘတ်ဂျက်ရရှိရေးအစီ အစဉ်များရေးဆွဲနေစဉ်ကာလအ တွင်း ဒေ၀ူးကုမ္ပဏီမှ ၎င်းင်းတို့၏အစီ အစဉ်ဖြင့် နှစ်ပတ်တစ်ကြိမ်၊ သုံးပတ် တစ်ကြိမ်နှုန်းဖြင့် အမှိုက်များအား မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။
ကျောက်ဖြူမြို့တွင် အမှိုက်စွန့် ပစ်မည့်မြေနေရာရှားပါးခြင်း၊ စည် ပင်မှအမှိုက်သိမ်းမှုလုပ်ငန်းများ အားနည်းခြင်း၊ အမှိုက်သရိုက်များမှာ မြို့၏ရေစီးရေလာရေမြောင်းများ စနစ်ကိုထိခိုက်ခြင်း၊ မြို့ခံလူထုအ နေဖြင့် မျက်နှာစာနေရာများတွင် ဖြစ်သလို စွန့်ပစ်မှုများရှိနေခြင်း ကြောင့် မြို့၏ဂုဏ်အင်္ဂါရပ်အား အ ကျည်းတန်စေရုံသာမက အမှိုက်ပုံ များမှထွက်ရှိသည့် အနံ့အသက်များ ကြောင့်လည်း ပတ်ဝန်းကျင်နေထိုင် သူများ ကျန်းမာရေးထိခိုက်မှုများရှိ လာကြောင်း ဒေသခံတို့ကဆိုသည်။
ကျောက်ဖြူမြို့ အမှိုက်မီးရှို့ စက်အား ဒေ၀ူးကုမ္ပဏီမှကျပ်သိန်း ၄၀၀ ဖြင့် ၂၀၁၆ နှစ်ဆန်းပိုင်းတွင် တည်ဆောက်ပြီးစီးကာ တစ်နေ့တွင် အမှိုက်သုံးတန်နှုန်းဖျက်ဆီးနိုင်ပြီး ထိုသို့ဖျက်ဆီးရန်အတွက် ဒီဇယ်ဆီ၊ လုပ်အားခနှင့်အထွေထွေကုန်ကျ စရိတ်မှာ ကျပ်တစ်သိန်းဝန်းကျင်ထိ ရှိကြောင်းနှင့်တစ်နှစ်ပတ်လုံး ပုံမှန် လည်ပတ်မည်ဆိုပါက ကျပ်သိန်း ၃၀၀ ကျော်ကုန်ကျမည်ဖြစ်ကြောင်း ကျောက် ဖြူမြို့ ဓူဝံကြယ်နာရေးကူညီမှုအ သင်းမှ သိရသည်။
ARKKK(MMK)

No comments:

Post a Comment