Monday, November 28, 2016

ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးများနှင့်ဘာသာရေးအဆောက် အအုံများတွင် လုံခြုံရေးအင်အား ယခင်ထက် နှစ်ဆတိုးမြှင့်ချထားဟုဆို

မြန်မာနိုင်ငံ ရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုး ရအဖွဲ့ရုံးများနှင့် ဘာသာရေးအ ဆောက်အအုံများတွင် လုံခြုံရေးအင် အားများ ယခင်ထက်နှစ်ဆတိုးမြှင့် ချထားကြောင်း ရဲတပ်ဖွဲ့ဌာနချုပ်မှ သိရ သည်။ရန်ကုန်အပါအ၀င် အခြားပြည် နယ်နှင့်တိုင်း ဒေသကြီးများရှိ အစိုးရ အဖွဲ့ရုံးထိုင်သည့်နေရာများနှင့် ဘာ သာရေးအဆောက်အအုံ အများအ ပြားရှိသည့် ရန်ကုန်၊ မန္တလေး၊ နေ ပြည်တော်၊ စစ်တွေ၊ မြောက်ဦး၊ ပုဂံ စသည့်မြို့ကြီးများတွင် လုံခြုံရေးအင် အားကို ယခင်ထက် နှစ်ဆချထားပြီး အချို့မြို့နယ်များတွင်လည်း မြေပြင် ထောက်လှမ်းရေး သတင်းပေါ်မူတည် ပြီး လုံခြုံရေးအင်အားတိုးမြှင့်ချထား မှုများ ဆောင်ရွက်လျက်ရှိသည်။

ယင်းနှင့်ပတ်သက်ပြီး ရဲတပ် ဖွဲ့ဌာနချုပ်မှ အဆင့်မြင့်အရာရှိတစ် ဦးက""ရဲတပ်ဖွဲ့အနေနဲ့ လုံခြုံရေးကိစ္စ တွေကို အရင်ထက် နှစ်ဆလောက် ချထားတယ်။ အဓိကကတော့ အစိုး ရအဖွဲ့ရုံးထိုင်တဲ့နေရာတွေနဲ့ ဘာ သာရေးအဆောက်အုံတွေ အများ ဆုံးရှိတဲ့နေရာတွေ၊ လူစည်ကားတဲ့ မြို့ကြီး၊ ပြကြီးနေရာတွေမှာပေါ့။ လို အပ်ရင်လိုအပ်သလို အင်အားကိုဖြန့် ချထားတယ်။ မြေပြင်သတင်းထောက် လှမ်းတဲ့လုပ်ငန်းတွေကိုလည်း အရင် ထက်ပိုပြုလုပ်လာပါတယ်။ လုံခြုံရေး အသိ၊ သတိရှိစေဖို့အတွက်လည်း ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေနဲ့ ပူး ပေါင်းပြီး လိုအပ်တဲ့ကိစ္စတွေမှာ လမ်းညွှန်မှုတွေ၊ ပူးပေါင်းဆောင်ရွက် နိုင်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပါ တယ်""ဟု နိုဝင်ဘာ၂၇ ရက်က ဒီမို ကရေစီတူဒေးသို့ ပြောသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့၏လုံခြုံရေးကို ဆောင်ရွက်ရာ တွင် အချို့ဒေသများတွင် ရဲတပ်ဖွဲ့ အပြင် နယ်မြေခံတပ်မတော်သားများ နှင့်ပါ အားဖြည့်ကာလုံခြုံရေးဆောင် ရွက်လျက်ရှိပြီး မသင်္ကာလူ၊ ပုဂ္ဂိုလ် ပစ္စည်းများတွေ့ရှိပါက နီးစပ်ရာ ရဲ စခန်းများသို့ အကြောင်းကြားရန် အတွက် ပြည်သူများကို ညွှန်ကြားမှု ပြုလုပ်ထားကြောင်းသိရသည်။လွန်ခဲ့သည့်ရက်ပိုင်းအတွင်း က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်း
အသေးစားပေါက် ကွဲမှု နှစ်ကြိမ်ဖြစ်ပေါ်ခဲ့ကြောင်း သိ ရသည်။
KMZ

No comments:

Post a Comment