Saturday, November 26, 2016

သေနတ် ၁ လက်ဝယ်ရင် ၁ လက် လက်ဆောင်ပေးမည်ဟု ရုရှနိုင်ငံက ဖိလစ်ပိုင်ကို ကမ်းလှမ်း

ရိုင်ဖယ်လ် သေနတ်တွေ “တလက်ဝယ်ရင် တလက် လက်ဆောင်ပေးမယ်”လို့ ရုရှနိုင်ငံက ကမ်းလှမ်းကြောင်း ဖိလစ်ပိုင်သမ္မတ ရော့ဒရီဂိုဒူတာတေးက နိုဝင်ဘာလ ၂၄ ရက်နေ့က ပြောလိုက်ပါတယ်။ ဖိလစ်ပိုင်သမ္မတဒူတာတေးက ပီရူးနိုင်ငံ လီမာမြို့မှာ ကျင်းပခဲ့တဲ့ အေးရှား-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး Asia-Pacific Economic Cooperation (APEC)၊ စီးပွားရေး ဦးဆောင်သူများ အစည်းအဝေးက ပြန်လာပြီး ပြုလုပ်ခဲ့တဲ့ သတင်းစားရှင်းလင်းပွဲမှာ သူ့အနေနဲ့ ရုရှက ရိုင်ဖယ်သေနတ်တွေကို အမြဲဝယ်နိုင်ကြောင်း ပြောခဲ့ပါတယ်။ လီမာမြို့မှာပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာ ရုရှက ဖိလစ်ပိုင်ကို လက်နက်များ “တလက်ဝယ် တလက် အလကားပေးစနစ်ဖြင့်”ရောင်းချချင်ကြောင်း ရုရှသမ္မတ ဗလာဒီမာပူတင်က သူ့ကို ပြောခဲ့ကြောင်း သမ္မတ ဒူတာတေး ပြောခဲ့ပါတယ်။



“ကျနော်က ဘာကြောင့်ကာဒင်နဲ့ အပ်ကြောင်းထပ်ငြင်းခုန်နေတော့မလဲဗျာ အကယ်၍ သူက ကျနော်တို့နဲ့ မိတ်ဖက်မဖြစ်ချင်ရင် ကျနော်တို့က ရုရှနဲ့တရုတ်နိုင်ငံတွေကို သွားရုံပဲ” လို့ပြောပါတယ်။

သမ္မတဒူတာတေးက အမေရိကန် လွှတ်တော်အမတ် ဘန်ကာဒင်ကို ရည်ညွှန်းပြောဆိုခဲ့တာ ဖြစ်ပြီး လူ့အခွင့်အရေးကိစ္စ စိုးရိမ်မှုတွေကြောင့် ဖိလစ်ပိုင်နိုင်ငံကို ရိုင်ဖယ်လ်သေနတ်အလက် ၂၆,၀၀၀ ကို ရောင်းချဖို့ကိစ္စ ပယ်ဖျက်မယ်လို့ အမေရိကန်လွှတ်တော်အမတ်က ခြိမ်းခြောက် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။

No comments:

Post a Comment