Saturday, November 19, 2016

ရှုံးနိမ့်ခြင်းအရသာကို မန်ယူအသင်းအား ခံစားစေမည်ဟု အိုဇေးလ်ဆို

နိုဝင်ဘာ ၁၉ ရက်တွင် အာဆင်နယ်အသင်းနှင့် မန်ယူအသင်းကို အိုးလ်ထရက် ဖို့ဒ်ကွင်းတွင် ရင်ဆိုင် ကစားမည့်ပွဲတွင် မန်ယူအသင်းအား ရှုံးနိမ့်ခြင်းအရသာကို ခံစားစေမည်ဟု အာဆင်နယ် ကစားသမား အိုဇေးလ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ “ချယ်လ်ဆီးနဲ့ ကစားတုန်းကလိုပဲ မန်ယူအသင်းကို သေချာပေါက် အနိုင်ကစားမှာပါ။ သူတို့ကို ရှုံးနိမ့်ခြင်းအရသာ ခံစားရစေမှာပါ။ ကျွန်တော်တို့အသင်းက အိမ်ကွင်းတွေ၊ အဝေးကွင်းတွေကို မရွေးပါဘူး။ ကြောက်စိတ်ကင်းစွာနဲ့ အနိုင်ယူသွားဖို့ရှိပါတယ်” ဟု အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်က ပြောကြားသည်။ ပြီးခဲ့သည့် ချယ်လ်ဆီးနှင့်ပွဲစဉ်တွင် အာဆင်နယ်အနေဖြင့် သုံးဂိုးပြတ် သွင်းယူကာ အနိုင်ရရှိခဲ့မှုအပေါ် အာဆင်နယ်အသင်းအနေဖြင့် ယခင်နှင့် မတူကြောင်း အသင်းပရိသတ်တို့က ဆိုသည်။ အာဆင်နယ်အနေဖြင့် ပြီးခဲ့သည့်နှစ်က မန်ယူအသင်းကို ၃-၂ ဖြင့် ရှုံးနိမ့်ခဲ့ပြီး ယခင်ရလဒ်အပေါ် ပြောင်းပြန်လှန်နိုင်မည်လားဆိုသည့် အရေးကို အာဆင်နယ် ပရိသတ်တို့အနေဖြင့် စိတ်လှုပ်ရှားစွာ စောင့်မျှော်မှုကို အိုးဇေးလ်၏ စကားက တွန်းအားဖြစ်စေခဲ့သည်။ The Ladies News

No comments:

Post a Comment