Saturday, November 19, 2016

မောင်တောဒေသအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများနှင့် ဒေသခံ ပြည်သူများအတွက် စားသောက်ဖွယ်ရာနှင့် အလှူငွေများပေးအပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ မောင်တောဒေသအတွင်းလုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများနှင့် ဒေသခံပြည်သူများအတွက် စစ်တွေမြို့ ROYAL RESORT@ROYAL BEACH မိသားစုစေတနာရှင်များက ပေးအပ်လှူဒါန်း သည့် စားသောက်ဖွယ်ရာများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို နိုဝင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင်စစ်တွေမြို့ရှိ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သည်။
ဦးစွာ အလိုတော်ပြည့်ဆရာတော်ကြီးထံမှသြ၀ါဒခံယူပြီး အလှူရှင်များက ဆန် ၃၀၀ အိတ်၊ ငါးခြောက် ၃၁၀ ပိဿာနှင့် အလှူငွေကျပ်သိန်း ၅၀ တို့ကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ အဆိုပါ စားသောက်ဖွယ်ရာများနှင့် အလှူငွေများကို မောင်တောဒေသရှိ လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများနှင့် ဒေသခံပြည်သူများထံသို့ ဆက်လက်ပို့ဆောင်လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment