Monday, November 21, 2016

ကမ္ဘာလှည့်ခရီးသွားများအတွက် အန္တရာယ်ရှိသော စာရင်းတွင် မြန်မာနယ်စပ်ဒေသအချို့ ပါဝင်သော်လည်း အလည်အပတ်မလျော့ကျနိုင်ဟုဆို

၂၀၁၇ တွင် ကမ္ဘာလှည့် ခရီးသွားများအတွက် အန္တရာယ် အများဆုံး ဒေသများစာရင်း၌ မြန်မာနိုင်ငံမှ နယ်စပ်ဒေသအချို့ ပါဝင်နေခြင်းသည် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ ပြည် တွင်းသို့ လာရောက်လည်ပတ်မှု ကို မထိခိုက်နိုင်ကြောင်း မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းရှင်များအ သင်းနှင့် ခရီးသွားလုပ်ငန်းရှင်များ က သုံးသပ်သည်။ ‘‘နယ်စပ်ဒေသတွေဟာ မြန်မာနိုင်ငံရဲ့ အဓိကခရီးသွားဒေ သတွေ မဟုတ်တဲ့အပြင် စီးပွား ဖြစ်အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ရောင်းတာမျိုးလည်း သိပ်မရှိပါ ဘူး။ သွားရောက်မှုကလည်း အင် မတန်နည်းတဲ့အတွက် ခရီးသည် ၀င်ရောက်မှုအပေါ်မှာ စိုးရိမ်စရာ မရှိပါဘူး’’ဟု မြန်မာနိုင်ငံခရီး သွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးသက်လွင်တိုးက သုံးသပ်သည်။



နိုင်ငံတကာ ကျန်းမာရေးနှင့် ခရီးသွားလုံခြုံရေးဆိုင်ရာ ကျွမ်း ကျင်သူများအဖွဲ့သည် ကမ္ဘာ လှည့်ခရီးသွားများ အန္တရာယ်ရှိ သည့် ဒေသများမြေပုံ Travel Risk Map 2017 ကို အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားနိုင်ခြေ၊ လမ်း ခရီးအန္တရာယ်၊ ကူးစက်ရောဂါများ ကူးစက်နိုင်ခြေရှိသည့် အန္တရာယ် စသည့်အချက်များအပေါ် အခြေ ခံကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ရခိုင်၊ ကချင်၊ ရှမ်းအရှေ့နှင့် တနင်္သာရီတိုင်း ဒေသအချို့ကို အန္တရာယ်ရှိဒေသ များအဖြစ် အနီရောင်အဆင့်သတ် မှတ်ကာ ထည့်သွင်းဖော်ပြခဲ့ သည်။

‘‘မြန်မာအပါအ၀င် အာဆီ ယံနိုင်ငံတွေက နယ်စပ်ဒေသတွေ မှာ မငြိမ်သက်မှုလေးတွေတော့ ကိုယ်စီရှိကြတာပါပဲ။ အဓိက ခရီးစဉ်တွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ ပုဂံနဲ့ အင်းလေးတို့လို ဒေသတွေမှာ မပါတဲ့အတွက် ဒီ ထုတ်ပြန်မှုကြောင့် မြန်မာကို မ လာတော့ဘူးဆိုပြီး ခရီးစဉ် ရုပ် သိမ်းတာမျိုးမရှိသလို ခရီးသွား လုပ်ငန်းကိုလည်း ထိခိုက်မှု မရှိ နိုင်ပါဘူး’’ဟု Nature Dream ခရီးသွားလုပ်ငန်းမှ မန်နေးဂျင်းဒါ ရိုက်တာ ဒေါ်စံပယ်အောင်က ရှင်းပြသည်။

ဟိုတယ်ခရီးဝန်ကြီးဌာနက အောက်တိုဘာအတွင်းက ထုတ်ပြန်သည့် စာရင်းများအရ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၀င်ရောက်မှုသည် ၃ ဒသမ ၃ သန်းကျော်ရှိပြီး ယခုနှစ်တွင် ရွေး ကောက်ပွဲကာလနှင့် အစိုးရအ ပြောင်းအလဲများကြောင့် နိုင်ငံတ ကာမှ စောင့်ကြည့်မှုများရှိခဲ့သော် လည်း ခရီးသွားဧည့်သည် ၀င် ရောက်မှုနှုန်း လျော့ကျခြင်းမရှိ ကြောင်း ခရီးသွားလုပ်ငန်းရှင်များက ဆိုသည်။ နိုင်လင်းအောင်

No comments:

Post a Comment