Saturday, November 19, 2016

တစ်နိုင်ငံလုံး၌ နိုဝင်ဘာလ နှစ်ပတ်တာ ကာလအတွင်း မီးလောင်မှု ဖြစ်ပွားရာတွင် ရန်ကုန် တိုင်းဒေသကြီးက အများဆုံး ဖြစ်ပွားခဲ့

တစ်နိုင်ငံလုံး၌ နိုဝင်ဘာလ နှစ်ပတ်တာ ကာလအတွင်း မီးလောင်မှု ၅၈ ကြိမ် ဖြစ်ပွားခဲ့ရာ ရန် ကုန်တိုင်း ဒေသကြီး၌ ၁၂ ကြိမ်ဖြင့် အများဆုံး ဖြစ်ပွားခဲ့ကြောင်ြး မန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ် (ဗဟို)မှ သိရသည်။ ''ပွင့်လင်းရာသီ ဖြစ်လာတာနဲ့ မီးလောင်မှု အကြိမ်ရေတွေ စိပ်လာပါတယ်။ မီးလောင်မှု အကြိမ်ရေ လျှော့ချဖို့ တစ်ပတ်တစ်ကြိမ် ထုတ်ပြန်ပေး နေပါတယ်။ မီးသတ် အသိပညာပေး လုပ်ငန်းတွေလည်း ဆောင်ရွက်နေပါတယ်'' ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ် (ဗဟို)မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သိန်းကြည် က ပြော သည်။ ထို့ပြင် စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်၌ ရှစ်ကြိမ်စီဖြင့် ဒုတိယ အများဆုံး၊ မွန်ပြည်နယ်၌ ခြောက်ကြိမ်ဖြင့် တတိယ အများဆုံး မီးလောင်မှု ဖြစ်ပွားခဲ့ကာ ဧရာဝတီ တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီး၌ ငါးကြိမ်စီ၊ ရှမ်းပြည်နယ်၌ လေးကြိမ်၊ တနင်္သာရီတိုင်း ဒေသကြီး၌ သုံးကြိမ်နှင့် နေပြည်တော်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့၌ တစ်ကြိမ်စီဖြင့် စုစုပေါင်း ၅၈ ကြိမ် ဖြစ်ပွားခဲ့သည်။ မီးလောင်ရသည့် အကြောင်းရင်းများမှာ ပေါ့ဆမီး ၁၈ ကြိမ်၊ လျှပ်စစ် မီး ၁၅ ကြိမ်၊ မီးဖိုမီး ၁ဝ ကြိမ်၊ မသမာသူ ရှို့မီး ၁၁ ကြိမ်၊ မီးလန့်မှု တစ်ကြိမ်နှင့် သုံးကြိမ်မှာ မီး လောင်သည့် အကြောင်းရင်းကို စုံစမ်းဆဲ ဖြစ်ကြောင်း သိရသည်။
မြ၀တီ

No comments:

Post a Comment