Friday, November 25, 2016

ရွန်နီအဖွင့်ဂိုးသွင်းပြီး မန်ယူက ဖီယင်နုကို ၄ ဂိုးပြတ်ဖြင့်နိုင်

ယူရိုပါလိဂ် အုပ်စု အေ ပွဲစဉ် ၅ အဖြစ် နိုဝင်ဘာ ၂၄ ရက်ညက မန်ယူနဲ့ နယ်သာလန်ကလပ် ဖီယင်နုတို့ ယှဉ်ပြိုင်ရာ မန်ယူက ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ မန်ယူအတွက် အနိုင်ဂိုးတွေကို ရွန်နီ၊ မာတာ၊ လင်ဂတ်နဲ့ တဘက်အသင်းက ကိုယ့်ဂိုးကိုယ်သွင်းမိရာကနေ ရသွားတာပါ။ ဒီပွဲမှာ ရွန်နီ ဂိုးသွင်းနိုင်လို့ သွင်းဂိုး ၃၉ ဂိုးနဲ့ မန်ယူကစားသမားတွေထဲက ဥရောပပြိုင်ပွဲတွေမှာ ဂိုးသွင်းအများဆုံးသူအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ဒီပွဲနိုင်လို့ မန်ယူဟာ အုပ်စု အေ မှာ ၉ မှတ်ရပြီး အုပ်စုထိပ်ဆုံးက ဖီနာဘာချီနဲ့ တမှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ မနေ့ညကပဲ ယှဉ်ပြိုင်သွားတဲ့ အုပ်စု အေ တခြားပွဲစဉ်မှာတော့ တူရကီကလပ် ဖီနာဘာချီက ယူကရိန်းကလပ် ဇိုရာကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အုပ်စုအေ နောက်ဆုံးပွဲစဉ်အဖြစ် ဒီဇင်ဘာ ၉ ရက်နေ့မှာ ဇိုရာနဲ့ မန်ယူ၊ ဖီယင်နုနဲ့ ဖီနာဘာချီတို့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မန်ယူက အနိုင်ရရင် နောက်တဆင့် တက်လှမ်းနိုင်မှာဖြစ်ပါတယ်။

No comments:

Post a Comment