Wednesday, November 23, 2016

သီပေါမင်း ပါတော်မူနေ့အခမ်းအနားကို မန္တလေး နန်းတော်တွင် ဆွေတော်မျိုးတော် ၁၀၀ ခန့်ဖြင့် ကျင်းပ

သီပေါမင်းတရားကြီး အိန္ဒိယနိုင်ငံ ရတနာဂီရိသို့ ပါတော်မူသွားသည့်နေ့ (၁၃၁) နှစ် ပြည့် အခမ်းအနားကို မန္တလေးနန်း တော်တွင် ဆွေတော်မျိုးတော် ၁၀၀ ခန့်ဖြင့် ကျင်းပခဲ့သည်။ သီပေါမင်း၏(၁၃၁)နှစ်ပြည့် ပါတော်မူနေ့နှင့် နတ်ရွာစံသက် (၁၀၀)ပြည့်နှစ်အကြို အခမ်းအ နားကို နိုဝင်ဘာ ၂၂ ရက်က မန္တလေးနန်းတော်တွင် မင်းတုန်းမင်း၊ သီပေါမင်းနှင့် ကနောင်မင်းသားကြီးတို့၏ ဆွေတော်မျိုးတော် ၁၀၀ ခန့်ဖြင့် သံဃာတော်များအား ဆွမ်းကပ်လှူခြင်း၊ ဆရာတော် များထံမှ ငါးပါးသီလခံယူခြင်းနှင့် ရေစက်ချစာတမ်းဖတ်ခြင်းတို့ ပြု လုပ်ခဲ့ကြောင်း သီပေါမင်းနှင့် စုဘုရားလတ်တို့၏ တီတော်စပ်သူ ဦးကျော်သီဟက ပြောသည်။
‘‘ဒီပွဲက ပဒေသရာဇ်စနစ်ကို ပြန်လည်တမ်းတတာမဟုတ်ဘူး။ အဓိကက ပါတော်မူတယ်ဆိုတာ  တစ်တိုင်းပြည်လုံးနဲ့ သက်ဆိုင် တယ်။ တစ်နိုင်ငံလုံး သူ့ကျွန်ဘ၀ ရောက်ခဲ့ရတဲ့နေ့ကို အမြဲတမ်းရင် ထဲမှာ ရှိနေရမယ်။ ကိုယ့်တိုင်းပြည်၊ကိုယ့်လူမျိုး မပျက်စီး မပျောက် ပျက်အောင် ရင်ထဲမှာရှိနေစေချင်တာပါ။ လက်ရှိအစိုးရအနေနဲ့ကတော့ နန်းတွင်းထဲမှာ လုပ်ဖို့ ခွင့်ပြုထားပေမယ့် ပွဲကို တက်ရောက်လာခြင်းတော့ မရှိပါဘူး’’ဟု ဦးကျော်သီဟက ပြောသည်။ ပြီးခဲ့သည့် နှစ် (၁၃၀) ပြည့် ပါတော်မူနေ့ ကုသိုလ်ပြု အလှူ တော်ပွဲကို ရန်ကုန်နှင့် မန္တလေးမြို့ ရှိ ဆွေတော်မျိုးတော် ၆၀ ကျော် တို့က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ၀ါခင်းကုန်းမာရ်အောင် ရတနာဓာတုဃရ စေတီတော်တွင် ဆွမ်းကပ်လှူဒါန်းပွဲ ကျင်းပ ခဲ့သည်။ သူ့ကျွန်ဘ၀ရောက်ရှိခဲ့သည့် ၁၈၈၆ မှ ၂၀၁၆ အထိ နှစ်ပေါင်း ၁၃၀ အတွင်း မြနန်းစံကျော် ရွှေနန်းတော်ကြီးတွင် ပထမဆုံးအကြိမ် အဖြစ် ပါတော်မူနေ့ အခမ်းအနား ပြန်လည်ကျင်းပခြင်းဖြစ်သည်။ 7Day Daily

No comments:

Post a Comment