Wednesday, November 30, 2016

လက်ပံတောင်းတောင်စီမံကိန်းနှင့်ပတ်သက်၍ ဒေသခံများကို အဆင်ပြေစွာ ဆောင်ရွက်ပေးရန် လက်ပံတောင်းအရေး လှုပ်ရှားသူများတောင်းဆို

လက်ပံတောင်းတောင် စီမံကိန်းနှင့်ပတ်သက်၍ ဒေသခံ များကို အဆင်ပြေစွာ ဆောင် ရွက်ပေးရန်နှင့် လက်ပံတောင်း တောင်စီမံကိန်း၏ အစီရင်ခံစာကို စုံစမ်းစိစစ်ရေးကော်မရှင်၏ အစီ ရင်ခံစာနှင့် မညီညွတ်လျှင် လုံးဝ ဖျက်သိမ်းပေးရန် လက်ပံတောင်း အကြမ်းဖက်ဖြိုခွင်းခံရမှု လေးနှစ်ပြည့်အထိမ်းအမှတ် ပြုလုပ်သည့် ဆန္ဒပြပွဲတွင် လက်ပံတောင်း တောင်အရေး လှုပ်ရှားသူများက တောင်းဆိုလိုက်သည်။ နိုဝင်ဘာ ၂၉ ရက်က ရန်ကုန် မြို့ ဆူးလေစေတီအနီးတွင် ပြု လုပ်သော လက်ပံတောင်းတောင် အကြမ်းဖက်မှုလေးနှစ်ပြည့် အ ထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် ဆန္ဒပြကန့်ကွက်ပွဲ၌ ဆန္ဒပြသူများ က အထက်ပါအတိုင်း တောင်းဆို လိုက်ခြင်းဖြစ်သည်။

‘‘စီမံကိန်းနဲ့ပတ်သက်ပြီး ဒေသခံတွေဘက်က အဆင်ပြေ အောင် ပြုလုပ်ပေးရမယ်။ အခု လက်ရှိ အစိုးရက ပြည်သူတွေ တင်မြှောက်ထားတဲ့ အစိုးရဖြစ်လို့ ပြည်သူတွေရဲ့ အခက်အခဲကို ကြည့်ရမှာ သူ့တာဝန်ဖြစ်တယ်’’ ဟု လက်ပံတောင်းတောင်အရေး လှုပ်ရှားသူတစ်ဦးဖြစ်သူ ဒေါ်နော် အုံးလှက ပြောသည်။
ရွှေဝါရောင်သံဃာတော် ဆရာတော်များနှင့် လက်ပံတောင်း တောင်အရေးလှုပ်ရှားသူ ၃၀ ခန့် သည် ဆူးလေစေတီအနီးတွင် ဆန္ဒပြကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
‘‘လက်ပံတောင်းတောင်ကို စုံစမ်းစိစစ်ရေးကော်မရှင်ရဲ့ အစီ ရင်ခံစာအတိုင်း လုပ်စေချင် တယ်။ ကော်မရှင်မှာလည်း လက် ရှိနိုင်ငံတော်ရဲ့ အတိုင်ပင်ခံက ပါ နေပါတယ်။ ဒါပေမဲ့ အခုအချိန်ထိ လုပ်တာ မတွေ့ရသေးပါဘူး။ ကျွန်တော်တို့ကတော့ အချိန်တစ် ခုပေးပါမယ်။ အဲဒီအချိန်ကျော် သွားရင်တော့ ကျွန်တော်တို့ လုပ် စရာရှိတာ ဆက်လုပ်သွားမှာပါ’’ ဟု ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုအောင်စိုးက ပြော သည်။
လက်ပံတောင်းတောင် အ ရေးလှုပ်ရှားသူများက စီမံကိန်း ရပ်တန့်ပေးရေးနှင့် ၀မ်ပေါင် ကုမ္ပဏီထွက်သွားရေး မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံးအပါအ ၀င် နေရာအနှံ့အပြား၌ အကြိမ် ကြိမ်ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။
၂၀၁၂ နိုဝင်ဘာ ၂၉ ရက် တွင် လက်ပံတောင်းတောင်အ ရေး သပိတ်တိုက်ပွဲဆင်နွှဲခဲ့သည့် ရဟန်းသံဃာနှင့် ပြည်သူများကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းခဲ့ သည်။
၂၀၁၄ ဒီဇင်ဘာ ၂၂ ရက်က လက်ပံတောင်းတောင် နယ်မြေ အတွင်း တစ်ကျော့ပြန်ဖြစ်ပွား သည့် အဓိကရုဏ်းတွင် မြေယာ လျော်ကြေးရယူခြင်းမရှိသော လယ်ယာမြေပေါ်၌ ခြံစည်းရိုးခတ် ခြင်းကို ရွာသားများက တားဆီး ရာမှ ဒေသခံများနှင့် ရဲတပ်ဖွဲ့များ ကြား အပြန်အလှန်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့မှပစ်လိုက်သော သေနတ်ကျည်ဆန် ဒေါ်ခင်ဝင်း၏ ဦးခေါင်းကိုထိမှန်၍ သေ ဆုံးခဲ့သည်။
7 Day

No comments:

Post a Comment