Friday, November 25, 2016

လက်နက်ကြီး ကျည်ဆန်ကျရောက် ပေါက်ကွဲသဖြင့် အပြစ်မဲ့ပြည်သူ နှစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ

နမ့်ခမ်းမြို့နယ် ဟိုနားကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက KIA/TNLA/MNDAA လက်နက်ကိုင်အဖွဲ့များ ပစ်ခတ် လိုက် သောလက်နက်ကြီး ကျည်ဆန် ကျရောက်ပေါက်ကွဲသဖြင့် အပြစ်မဲ့ပြည်သူနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိ ခဲ့ကြောင်း နိုင် ငံတော် အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။ ယမန်နေ့ ညနေ ၄ နာရီခန့်က နမ့်ခမ်းမြို့နယ် ကောင်းကပ်ကျေးရွာအုပ်စု ဟိုနားကျေးရွာမှ ဦးပီကိုင်းရှော့နှင့် ၎င်း ၏ သား များဖြစ်သော ပီကျုံးကိုင်းနှင့် ပီကပ်စောတို့သည်နေအိမ်၌ ရှိစဉ် KIA/TNLA/ MNDAA လက်နက်ကိုင် အဖွဲ့များ ပစ်ခတ် လိုက် သောလက် နက်ကြီးကျည်ဆန် နေအိမ်ခေါင်မိုးပေါ်ကျ ရောက်ပေါက်ကွဲခဲ့သဖြင့်ဦးပီကိုင်းရှော့နှင့် ပီကပ်စော တို့ သေ ဆုံးခဲ့ပြီး ပီကျုံး ကိုင်း မှာဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ ဒဏ်ရာရရှိသူ ပီကျုံးကိုင်းအား ကောင်းကပ်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကနမ့်ခမ်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးပြီး ဆေး ကုသမှုခံ ယူစေ လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment