Thursday, November 24, 2016

၉၆ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို မြိတ်၊ မူဆယ်၊ ဟသာင်္တနှင့် မြ၀တီမြို့တို့တွင် ကျင်းပ

၉၆ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို မြိတ်မြို့၊ မူဆယ်မြို့၊ ဟသာင်္တနှင့် မြ၀တီမြို့တို့တွင် ယနေ့ (နိုဝင်ဘာ ၂၄ ရက်) နံနက်ပိုင်းက စတင်ကျင်းခဲ့ကြောင်း သိရသည်။ မြိတ်မြို့တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် မြင်းမိုရ်ပုဂ္ဂလိက ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ဆရာမ စုစုပေါင်း အင်းအား ၃၀၀ ကျော်ဖြင့် မြိတ်မြို့၏ အထင်ကရလမ်းတစ်ခု ဖြစ်သော ဘုရားကြီးလမ်းတစ်လျှောက် စေတီပုထိုးများ၏ လမ်းဘေးဝဲယာရှိ အမှိုက်၊ ချုံနွယ်၊ မြက်ပင်များ ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် မူဆယ်မြို့တွင်လည်း အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို မူဆယ်မြို့ အ.ထ.က (၂) တွင် ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတမှ ပေးပို့သော (၉၆)နှစ်မြောက် အမျိုးသားနေ့ သ၀ဏ်လွှာကို ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းမှ ဖတ်ကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ၉၆ နှစ်မြောက် အမျိုးသားအောင်ပွဲ့နေ့အဖြစ် ဟသာင်္တမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ရာ နိုင်ငံတော်သမ္မပေးပို့သော အမျိုးသားနေ့ သ၀ဏ်လွှာကို ဟသာင်္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ဖတ်ကြားခဲ့ပြီး အမျိုးသားနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/သူများနှင့် အမျိုးသားနေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲဆုရရှိသူများကို ဆုချီးမြှင့်ခဲ့သည့်အပြင် အ.ထ.က(၁) ကျောင်းသား/သူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေကာ ၉၆ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။ မြ၀တီမြို့၌လည်း အမျိုးသားအောင်ပွဲ့နေ့အား အထွေထွေအုပ်ချုပ်ရေးရုံး ၊သောင်ရင်းခန်းမဆောင်၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူးမှ နိုင်ငံတော်သမ္မပေးပို့သော အမျိုးသားနေ့ သ၀ဏ်လွှာကို ဖတ်ကြား၍ ကျောင်းသူ၊ ကျောင်းသားများမှ "ပြည်မြန်မာ"သီချင်းသီဆိုခဲ့ကြပြီး ၉၆ နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် စာစီစာကုံးပြို င်ပွဲနှင့် ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment