Monday, November 28, 2016

ကမ္ဘာ့ အမြန်ဆုံး စူပါ ကွန်ပျူတာ ဖန်တီးရန် ဂျပန် ပြင်ဆင်

ဂျပန် အစိုးရသည် ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာ ဖန်တီးရန် ကြိုးပမ်းလျက် ရှိကြောင်း ဂျပန်တိုင်းမ် သတင်းဌာနက ဖော်ပြသည်။ ဂျပန် အစိုးရသည် သင်ယူနိုင်စွမ်း မြင့်မားသော မှတ်ဥာဏ်တု နည်းပညာ တီထွင်နိုင်ရန် ကြိုးပမ်းလျက် ရှိရာ စူပါကွန်ပျူတာများကို စွမ်းဆောင်ရည် အမြင့်ဆုံး အနေအထားမျိုး ဖန်တီး ပေးရေးမှာ အဓိကကျသည့် လိုအပ်ချက် ဖြစ်သည်ဟု သတ်မှတ်ကာ စူပါကွန်ပျူတာ ဖန်တီးနိုင်ရေး စီမံကိန်း တွင် ပညာရှင်များနှင့် အင်အားကြီး ကုမ္ပဏီများကို လိုအပ်သည့် အထောက်အပံ့ များ ပေးအပ်လျက် ရှိသည်။ ဖန်တီးရန် ပြင်ဆင်နေသည့် အဆိုပါ စူပါ ကွန်ပျူတာကို AI Bridging Cloud Infra-stcture (ABCI) ဟု အမည် ပေးထားသည်။ စူပါကွန်ပျူတာသည် တစ်စက္ကန့်လျှင် ၁၃ဝ ကွာဒီလီယံ အထိ တွက်ချက်နိုင်စွမ်း ရှိမည် ဖြစ်သည်။ အဆိုပါ စူပါကွန်ပျူတာ ဖန်တီးရန် အစိုးရက အမေရိကန် ဒေါ်လာ ၁၇၃ သန်း ပံ့ပိုးကူညီ ပေးမည် ဖြစ်ကြောင်း သိရသည်။ြ မ၀တီ

No comments:

Post a Comment