Friday, November 18, 2016

တာလီဘန် ခေါင်းဆောင်အား ဆန်ရှင်စာရင်းသို့ ထည့်ရန် အာဖဂန်သမ္မတက ကုလသမဂ္ဂကို တောင်းဆို

တာလီဘန်ခေါင်းဆောင်အား ဆန်ရှင်စာရင်းတွင် ထည့်သွင်းသတ်မှတ်ရန် အာဖဂန်သမ္မတက ကုလသမဂ္ဂအဖွဲ့ကို တောင်းဆိုခဲ့သည်။ ယင်းက ကာလရှည်ကြန့်ကြာနေသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည် အသက်ဝင်လာရေး ကြိုးပမ်းချက်တစ်ခုလည်းဖြစ်သည်။ အာဖဂန်တပ်ဖွဲ့ဝင်များသည် တာလီဘန်တို့၏ ပုန်ကန်မှုများကို ထိန်းသိမ်းနိုင်ရန် ရုန်းကန်နေရသည်။ တာလီဘန်ခေါင်းဆောင်အပါအဝင် အကြမ်းဖက် သမားတွေကို ဆန်ရှင် ချမှတ်ပေးဖို့ ကုလသမဂ္ဂအဖွဲ့ကို တောင်းဆိုပါတယ်ဟု အာဖဂန်သမ္မတ အာရှရက်ဖ်ဂါနီက ကုလသမဂ္ဂဆန်ရှင်ကော်မတီနှင့် တွေ့ဆုံ ပြီးနောက် ပြောသည်။ အာဖဂန်အစိုးရသည် တာလီဘန်များ နှင့် ငြိမ်းချမ်းရေးရယူရန် ကြိုးပမ်းလျက်ရှိပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် တာလီဘန်တို့၏ ဦးစားပေးတောင်းဆိုချက်မှာ တာလီ ဘန်ခေါင်းဆောင်များအား ပိုင်ဆိုင်မှုပိတ် သိမ်းခြင်း၊ ခရီးသွားခွင့်ပိတ်ပင်ခြင်းတို့ကို ဖြစ် စေသော ကုလသမဂ္ဂ၏ အမည်ပျက်စာရင်းမှ ဖယ်ရှားပေးရန်ဖြစ်သည်။ လွန်ခဲ့သောနှစ် ပါကစ္စတန်နိုင်ငံတွင် အာဖဂန်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပခဲ့သော်လည်း ကျင်းပပြီး မကြာမီမှာပင် ပျက်ပြားသွားခဲ့ရသည်။ ထိုအချိန်မှစ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပြန်လည် အသက်သွင်းရန် နိုင်ငံတကာမှ ပါဝင်ဆောင်ရွက်ပေးခဲ့သော်လည်း အခုထိ အောင်မြင်မှု မရသေးပေ။

No comments:

Post a Comment