Saturday, November 19, 2016

မြေပဲ အထွက်တိုးရေးအတွက် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ စမ်းသပ်ပျိုးခင်းများ လက်တွေ့လုပ်ကိုင်ပြသ

ဒေါ် ခင်ကြည်ဖောင်ဒေးရှင်း၏ တောင်သူအကျိုး ပြု ဆောင်ရွက်ချက် လုပ်ငန်းတစ်ခု အနေဖြင့် အရည်အသွေးပြည့်ဝ၊ အထွက် တိုးစေမည့်ခေတ်မှီစက်ကရိယာသုံး မြေပဲစိုက်ပျိုးခြင်း နည်းပညာရပ် ကို တောင်သူများဖက် မှစရိတ်စက ကုန်ကျမှုသက်သာစွာ၊ နည်းပညာအသိ မှန်ကန်စွာဖြင့် စိုက်ပျိုး နိုင်စေရန်အတွက် မြေပဲစမ်းသပ်စိုက်ခင်းတစ်ခု ကိုယက္ကန်းစင်တောင်အနီး၊ ညောင်ပင်ကျေးရွာအုပ် စု၊ စဥ့်ကူး မြို့နယ်၊ မန္တလေးတိုင်း တွင် ၂၀၁၆၊ နိုဝင်ဘာ ၁၅  ရက် နေ့မှစ၍ ထိုင်ဝမ်နိုင်ငံမှ စိုက်ပျိုး ရေးပညာရှင်များ အကူအညီနှင့်အကောင်အထည်ဖော် စမ်းသပ် စိုက်ပျိုးနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ ဒေါ် ခင်ကြည်ဖောင်ဒေးရှင်းသည် အဆိုပါစီမံချက်မစတင် မှီညောင်ပင်ရွာ မှ လယ်သမား ၂ဦး ပါဝင်သောအဖွဲ့ကို ထိုင်ဝမ်နိုင်ငံ၊ထိုင်နန်မြိုသို့ ၂.၁၀၂၀၁၆မှ ၁၀.၁၀၂၀၁၆ ထိ စေလွှတ်ပြီးမြေပဲစိုက်ပျိုးရေး နည်းပညာများကိုလေ့လာစေခဲ့ပါသည်။ ယခုစိုက်ပျိုး နည်းမှာ စက်ဖြင့်ဘောင်ဖော်ခြင်း၊ စက်ဖြင့် မျိုးစေ့ချ ခြင်း သည် တစ်ဧကအတွက် မျိုးစေ့ဆံတစ်တင်းခွဲသာ ကုန်သဖြင့် လက်ဖြင့် ဘောင် မဖော်ပဲ မြေ ပြန့် တွင် ထယ်ထိုး၍ ကြဲခြင်းထက် ၅၀% လျော့နည်းသည် ကို လက် တွေ့ ပြသခဲ့သည် ဟု သိရသည်။ Daw Khin Kyi Foundation

No comments:

Post a Comment