Saturday, November 19, 2016

"စာချုပ်နဲ့မွေးစားထားပြီး ကလေးကိုနှိပ်စက်တဲ့ မွေးစားမိခင်ကို ရပ်ကွက်ကဝိုင်းဖော်"

စာချုပ်စာတမ်းနဲ့ မွေးစားထားတဲ့ကလေးငယ်ကို မွေစားမိခင်က မကြည့်ရက်နိုင်လောက်အောင် နှိပ်စက်နေတာကြောင့် ရပ်ကွက်ထဲကလူတွေ စုပေါင်းစီစဉ်မှုနဲ့ ကလေးငယ်ကို ကယ်တင်လိုက်နိုင်ပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။ မူဆယ်မြို့ ကောင်းမှုလုံရပ်ကွက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး တရုတ်လူမျိုးအမျိုးသမီးက ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ အဝတ်ဗလာနဲ့ ကလေးငယ်ကို ရေခွက်ထဲ မျက်နှာထည့်စိမ်ပြီး ရိုက်နှက်နှိပ်စက်နေတာကို မြင်တဲ့ အိမ်နီးချင်းက ဗွီဒီယိုရိုက် ပြီး မူဆယ်မှာ အသုံးများတဲ့ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ We Chat မှာ တင်ခဲ့တာဖြစ်ပါတယ်။ မြို့ခံလူမှုရေးလုပ်ဆောင်နေသူတွေက ရဲစခန်းကိုတိုင်ကြားခဲ့ပေမယ့်လည်း မိခင်ဖြစ်သူက စာချုပ်စာတမ်းနဲ့ မွေးစားထားတာဖြစ်တာကြောင့် ဖမ်းဆီးလို့မရပါဘူး။ ဒါကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးက တရားလိုလုပ်ပြီး တရားရုံးမှာ ဦးတိုက်လျောက်ထားလိုက်တာဖြစ်ပါတယ်။ ဒီအမျိုးသမီးမှာ မွေးစားထားတဲ့ အခြားကလေးငယ်နှစ်ဦးလည်းရှိပါသေးတယ်။ ခုလောလောဆယ်တော့ နှိပ်စက်ခံရတဲ့ကလေးငယ်ကို မူဆယ်မှာရှိတဲ့ ကမ္ဘောဇသိဂီသီလရှင်ကျောင်းကိုအပ်နှံဖို့နဲ့ လိုက်မနှောက်ယှက်ဖို့ ခံဝန်ထိုးစေခဲ့ပါတယ်။
ကလေးငယ်ရဲ့ မိခင်ရင်းက ဒီကလေးအပါအဝင်ကလေးငယ် ခြောက်ဦးမွေးထားတာဖြစ်ပြီး အဲဒီတရုတ်အမျိုသမီးထံကို ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ငွေဆယ်သိန်းနဲ့ ပေးခဲ့တာလို့ မြို့ခံတွေက အခိုင်အမာပြောပါတယ်။ စာချုပ်ထဲမှာတော့ ငွေကြေးကိစ္စမပါဝင်ဘူးလို့ သိရပါတယ်။

No comments:

Post a Comment