Monday, November 28, 2016

"ထိပါးစော်ကားနှောင့်ယှက်မှုတွေကို ဘယ်လိုဟန့်တားမလဲ"

“ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ ဒါတွေက ထင်သာမြင်သာရှိတဲ့ အကြမ်းဖက်မှုတွေပါ” (နော်သ၀ါး - ညွှန်ကြားရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန)
“လင်မယားတွေ ရန်ဖြစ်နေကြပြီဆို ဘယ်လောက်ပဲ ရိုက်နှက်နေလည်း ပတ်ဝန်းကျင်ကလူတွေက တအားကြီး မဆိုးလာသေးသမျှ ၀င်ပါဖို့တအားဝန်လေးတယ်လေ။ ဒါမျိုးတွေ ကိုင်တွယ်ရတာလည်း အင်မတန်ခက်ခဲပါတယ်” (ဒေါ်စုစုငယ် - ပဲ့ကိုင်ကော်မတီဝင်၊ ကျားမတန်းတူညီမျှရေးကွန်ရက်)
“တကမ္ဘာလုံးမှာ အမျိုးသမီး ၃ ယောက်မှာ ၁ ယောက် လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားနှောင့်ယှက်မှုခံနေရတယ်။ ခံရတဲ့သူတွေထဲမှာ ဘယ်နယောက်ကများ ရဲစခန်းသွားနေလဲ? နှစ်သိမ့်ဆွေးနွေးအကြံပေးတာမျိုး လုပ်နိုင်နေလဲ? အဲလိုလုပ်တဲ့အခါမှာ သူတို့အတွက် လျှို့ဝှက်သိုသိပ်မှု ဘယ်လောက်ပေးနိုင်လဲ ဆိုတာတွေရှိတယ်” (ဆိုင်းအောင်စိန်မြင့် - ကုလသမဂ္ဂလူဦးရေဆိုင်ရာရန်ပုံငွေအဖွဲ့)

“ဆံပင်၊ အ၀တ်အစား၊ ခန္ဓာကိုယ်အဖောင်း အပိန်ကို ကြည့်ပြီး မုဒိမ်းပြုကျင့်သူတွေက သားကောင်ရွေးချယ်တာ။ အချိန်ကာလနဲ့ ၀န်းကျင်ပေါ်မူတည်ပြီး ၀တ်စားသင့်တာပေါ့”
(ဦးသက်နိုင် - Knowledge Zone ပညာရေးစင်တာ တည်ထောင်သူ)
“အ၀တ်အစားကြောင့်လို့ဆိုတာကို ကျမလက်မခံပါဘူး။ အခုတက်လာတဲ့ စာရင်းအင်းတွေအရဆို ကလေးသူငယ်တွေ မုဒိမ်းကျင့်ခံရတာများလာနေတယ်. ကလေးတွေ သီလရှင်ဆရာလေးတွေ သူတို့တွေက ဘယ်လိုများ ၀တ်စားဆင်ယင်နေလို့လဲ”
(ဒေါ်စုစုငယ် - ပဲ့ကိုင်ကော်မတီဝင်၊ ကျားမတန်းတူညီမျှရေးကွန်ရက်)
“အကြမ်းဖက်ခံရမှုတွေကို ဥပဒေတွေ ရေးဆွဲနေရုံနဲ့ အလုပ်မဖြစ်ဘူး။ စာပေ၊ ပညာရေးနဲ့ အနုပညာဖန်တီးမှုတွေမှာ သင်ကြားပေးရင်းနဲ့ ပြောင်းလဲရမယ်” (ဦးကျော်စွာ - အယ်ဒီတာ၊ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီဂျာနယ်)
“လူတဦးတယောက်ရဲ့ ဖြစ်တည်မှုပေါ်မှာ ကိုယ်၊ နှုတ် အမူအရာ တခုခုနဲ့ လုပ်တာတွေဟာ ထိပါးစော်ကားနှောင့်ယှက်မှုမြောက်ပါတယ်” (ဆိုင်းအောင်စိန်မြင့် - ကုလသမဂ္ဂလူဦးရေဆိုင်ရာရန်ပုံငွေအဖွဲ့)

No comments:

Post a Comment