Saturday, November 19, 2016

တောင်အာဖရိကတွင် ကြံ့ချိုမှောင်ခိုရောင်းဝယ်မှုဖြင့် ၀န်ကြီးတစ်ဦးကို စုံစမ်းစစ်ဆေး

လုံခြုံရေးဝန်ကြီးနှင့် တရုတ် လူမျိုး ကြံ့ချိုမှောင်ခိုကုန်ကူးသူတစ် ဦးတို့ကြား ဆက်နွှယ်မှုများကို စုံစမ်း စစ်ဆေးလျက်ရှိသည်ဟု တောင်အာ ဖရိကအစိုးရက နိုဝင်ဘာ ၁၇ ရက် တွင် သတင်းထုတ်ပြန်သည်။ တရုတ်လူမျိုး ကြံ့ချိုမှောင်ခို ကုန်ကူးသူ ဂူအန်ကျင်းသည် ကိုယ့် အပြစ်ကိုယ်ဝန်ခံကာ ဖော်ကောင် လုပ်လာသဖြင့် အဆိုပါအမှုပေါ် ပေါက်လာရခြင်းဖြစ်သည်။ လုံခြုံရေး ၀န်ကြီးသည် ကြံ့ချိုမှောင်ခိုရောင်း ၀ယ်မှုလုပ်ငန်းတွင် ပါဝင်ပတ်သက် နေသည်ဟု အယ်ဂျာဇီးယားသတင်း ဌာနမှတစ်ဆင့် ဖော်ကောင်လုပ်စွပ် စွဲခဲ့ခြင်းဖြစ်သည်။
"လုံခြုံရေးဝန်ကြီးကို အယ်ဂျာ ဇီးယားသတင်းဌာနက စွပ်စွဲတဲ့အပေါ် အစိုးရအဖွဲ့က အသိအမှတ်ပြုပါ တယ်။ သတင်းဌာနကထုတ်ပြန်တဲ့ စာရွက်စာတမ်းတွေအရ ဒီအမှုကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေပါ တယ်"ဟု တောင်အာဖရိကနိုင်ငံ သမ္မတဂျက်ကော့ဇူးမား၏ အကြံပေး တစ်ဦးက ပြောသည်။

တရုတ်လူမျိုး ကြံ့ချိုကုန်သည် က သူနှင့်ဝန်ကြီးသည် မိတ်ဆွေများ ဖြစ်ခဲ့ကြောင်း၊ ၀န်ကြီးကို အနှိပ်ခန်း သို့မဟုတ် သူ၏နေအိမ်တွင် ပုံမှန် ဧည့်ခံပြုစုပေးခဲ့ရကြောင်း အယ်ဂျာ ဇီးယားသတင်းဌာနသို့ ဖွင့်ဟပြော ဆိုထားသည်။
စွပ်စွဲခံထားရသော ၀န်ကြီးက မူ သူသည် ထိုတရုတ်လူမျိုးနှင့် သိ ကျွမ်းခဲ့ဖူးခြင်းမရှိကြောင်း၊ စွပ်စွဲချက် များ မဟုတ်မှန်ကြောင်း ငြင်းဆိုထား သည်။ အနှိပ်ခန်းသို့သွားခဲ့သည်မှန် သော်လည်း ကြံ့ချိုကိစ္စနှင့်ပတ်သက် နေခြင်းမရှိကြောင်း ငြင်းဆိုထား သည်။
တောင်အာဖရိကနိုင်ငံတွင် ၂၀၀၈ ခုနှစ်၌ ကြံ့အကောင်ရေ ၁၀၀ အောက်သာတရားမ၀င်အသတ်ခံခဲ့ ရသည်။ သို့သော် နောက်ပိုင်းနှစ်များ တွင် ကြံ့များတရားမ၀င်အသတ်ခံရ မှုနှုန်းသည် ဒုံးပျံကဲ့သို့လျင်မြန်စွာ မြင့်တက်လာခဲ့သည်။ ၂၀၁၅ ခုနှစ် တစ်ခုတည်းမှာပင် ကြံ့အကောင်ရေ ၁၂၀၀ နီးပါး တရားမ၀င်အသတ်ခံ ခဲ့ရသည်။
လက်ရှိတွင် တောင်အာဖရိက ၌ ကြံ့အကောင်ရေ နှစ်သောင်းခန့် သာကျန်ရှိတော့သည်။ ထိုပမာဏ သည် ကမ္ဘာ့ကြံ့ကောင်ရေ စုစုပေါင်း ၏ ၈၀ ရာခိုင်နှုန်းဖြစ်သည်။ တရုတ် နှင့် ဗီယက်နမ်တို့၌ ကင်ဆာနှင့် အခြားရောဂါများပျောက်ကင်း သည်ဆိုသော ဆေးများဖော်စပ်ရာ တွင် ကြံ့ချိုကို ထည့်သွင်းအသုံးပြု နေသည်။
Ref:AFP

No comments:

Post a Comment