Tuesday, November 22, 2016

မူဆယ်တွင် ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများ ဆက်လက်ဖြစ်၊ အရပ်သားတစ်ဦး ဒဏ်ရာရ

မူဆယ်မြို့တွင် ယမန်နေ့ညက ပေါက်ကွဲမှုနှင့်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ ကြောင်း မူဆယ်ရဲစခန်းမှ တာဝန်ကျတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောကြားသည်။ မည်သည့်နေရာတွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း အတည်မပြုနိုင်သေးဟု အဆိုပါတပ်ဖွဲ့ဝင်က နိုဝင်ဘာ ၂၁ ရက် ည ၉ နာရီခွဲက ပြောကြားသည်။ ထို့အပြင် ပစ်ခတ်မှုတွင် အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး မြို့ခံများက လုံခြုံရေးအတွက် အထူး စိုးရိမ်နေကြသည်။ ‘‘ပေါက်ကွဲတဲ့အသံတော့ ကြားတယ်။ ဘောလုံးကွင်းဘက်မှာလို့တော့ ပြော တယ်။ မိုင်းကွဲတာဖြစ်မယ်။ ပစ်ခတ်မှုတွေလည်းကြားရတယ်’’ဟု တာဝန်ကျ ရဲတပ်ဖွဲ့ဝင်က ဆိုသည်။  မူဆယ်မြို့ လုံခြုံရေးဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ၎င်းက ‘‘လက်ရှိ အခြေအနေက အားလုံး အသင့်အနေအထားမှာတော့ ရှိပါ တယ်။ ညပိုင်းကတော့ တပ်ရယ်၊ ပြည်သူ့စစ်ရယ်တော့ မြို့ထဲမှာ အားလုံးချထားပါတယ်။ ရဲက တော့ ရဲကင်းတွေနဲ့ပေါင်းပြီး လုပ် နေပါတယ်ဗျ’’ဟု ၎င်းက ဆက် လက်ပြောသည်။



‘‘မူဆယ်မြို့ပြင်မှ ဆိုင်ကယ် စီးလာတဲ့သူတစ်ယောက်အပစ်ခံ ရတယ်။ ကုမ္ပဏီမှာ အလုပ်လုပ် တဲ့ အလုပ်သမားတစ်ယောက်။ အခုဆေးရုံရောက်နေပြီ။ ဘယ်သူ က ပစ်တယ်ဆိုတာတော့မသိဘူး။ ဆေးရုံကို ၉ နာရီ ၁၅ လောက်က ရောက်တာ။ ဗိုက်ကိုထိတာပါ’’ဟု အရေးပေါ် လူနာတင်ယာဉ်မောင်း တစ်ဦးက ပြောသည်။

‘‘ဘောလုံးကွင်းဘက်က မိုင်းကွဲသံလည်းကြားတယ်။ သေနတ် ပစ်သံတွေလည်း ကြားတယ်။ ဘောလုံးကွင်းက ရဲစခန်းနဲ့လည်း နီးတယ်။ ၉ နာရီကျော်လောက်က နောက်ဆုံးကြားတာ အခုလော လောဆယ် ရပ်နေတယ်’’ ဟု မူ ဆယ်မြို့ ဟိုမွန်ရပ်ကွက်နေ ဒေသ ခံတစ်ဦးက ပြောသည်။

တရုတ်-မြန်မာနယ်စပ်စစ် ရေး၊ နိုင်ငံရေးလေ့လာသူတစ်ဦး ကလည်း မူဆယ်ဘက်ခြမ်းတွင် နိုဝင်ဘာ ၂၁ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှု သုံးကြိမ် ဖြစ်ပွားခဲ့ ကြောင်း၊ ည ၉ နာရီခန့်တွင် သေ နတ်သံများ၊ လက်နက်ကြီးသံများ ကြားခဲ့ရကြောင်း ပြောသည်။

နိုဝင်ဘာ ၂၀ ရက်က မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အပါ အဝင် မူဆယ်ဒေသတွင် KIA၊ TNLA နှင့် MNDAA ပူးပေါင်းအ ဖွဲ့များက အစိုးရလုံခြုံရေးတပ် များကို လာရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် မတည်ငြိမ်မှု ဖြစ်နေသည့်အပေါ် ဒေသခံများကစိုးရိမ်လျက်ရှိသည်။

‘‘ဒေသခံတွေအားလုံးက စိုး ရိမ်တကြီးနဲ့ ကျီးလန့်စာ စားနေရ တဲ့ အခြေအနေဖြစ်တယ်။ မြို့ပြင် မှာလိုလို၊ မြို့ထဲမှာလိုလို၊ စက်မှု ဘက်မှာလိုလို၊ ကားကွင်းထဲမှာ လိုလို၊ ရဲစခန်းဘက်မှာလိုလို အဲဒီ လို  ကောလာဟလတွေ  အမျိုးမျိုး ကြားနေရတယ်။ အားလုံးက ထိတ်လန့်ပြီး ချောက်ချားနေကြရ တယ်’’ဟု မူဆယ်မြို့ခံတစ်ဦးက ဆိုသည်။

No comments:

Post a Comment