Wednesday, November 23, 2016

မြေနီကုန်းတံတား​အောက်​တွင် ကစားကွင်းနှင့် အပန်း​ဖြေနေရာ ပြုလုပ်

ရန်ကုန်မြို့ မြေနီကုန်းရှိ ခုံးကျော်တံတားရဲ့ အောက်တည့်တည့်က မြေနေရာကို ပြည်သူပိုင်ကစားကွင်း၊ အများပြည်သူ တွေ့ဆုံနိုင်၊ အပန်းဖြေနိုင်တဲ့ နေရာအပြင် လမ်းပေါ်က အနုပညာတွေ ဖန်တီးနိုင်မယ့် နေရာတခုအဖြစ် ရရှိအောင် စတင်ဖန်တီးနေပြီ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးတို့ ပူးပေါင်းပြီး မြေနီကုန်း ခုံးကျော်တံတား အနုပညာစီမံကိန်းကို စတင်လုပ်ဆောင်နေတာပါ။ ခုလိုလုပ်ဆောင်တာတွေအတွက် ရက်သတ္တပတ်အနည်းငယ် ကြာမှာဖြစ်လို့ လုပ်ငန်းခွင်တွင်း ဝင်ရောက်ခြင်းမပြုဖို့နဲ့ အဆင်မပြေမှုတွေအတွက် ကြိုတင်ပန်ကြားထားပါတယ်။ ဒီမတိုင်ခင်တုန်းကတည်းက မြေနီကုန်း ခုံးတံတားအောက် ဝင်းခြံခတ်ထားတဲ့အထဲမှာ ဘောလုံးကစားကြသူတွေ၊ အကလေ့ကျင့်ကြသူတွေ၊ အပန်းဖြေ အနားယူကြသူတွေနဲ့ စည်ကားလေ့ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လူထုအပန်းဖြေစရာနေရာ နည်းပါးနေသေးပြီး ညဘက် သွားရောက်အပန်းဖြေလို့ရတဲ့ ကန်ဘောင်၊ လွှတ်တော်ရှေ့ဘက်၊ ဗိုလ်တထောင်ကမ်းနား၊ မြကျွန်းသာကန်ဘောင်နဲ့ မျှော်စင်ကျွန်းတွေမှာ နေ့စဉ်လိုလို လူစည်ကားနေလေ့ ရှိပါတယ်။

No comments:

Post a Comment