Tuesday, November 22, 2016

ချောက်ချားနေတဲ့ မူဆယ်မြို့

ယနေ့ နိုဝင်ဘာ၂၂ ရက် မူဆယ်မြို့ပေါ်တွင် နေ့လည် ၁၂ နာရီနောက်ပိုင်း မည်သည့်ဆိုင်မှ မဖွင့်ရဟူသည့် ​ကောလာဟလ သတင်းများ ထွက်နေပြီး ကျောင်းများ၊ ဘဏ်များ နှင့် ဈေးဆိုင်များ နေ့လည် ၁၂ နာရီမတိုင်မှီ ပိတ်သိမ်းထားသည်ကို တွေ့ရသည်။ ဒေသခံအချို့မှာ နယ်စပ်ဂိတ်မှ တရုတ်နိုင်ငံဘက်သို့ တိမ်းရှောင်နေကြသည်။ ယနေ့ မနက်နှင့် သတင်းပေးပို့နေသည့် နောက်ဆုံးအချိန်ထိ မူဆယ်နှင့် ကွတ်ခိုင်အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ တိုက်ပွဲများ အခြားဒေသများသို့ ဆက်လက်ပြန့်ပွားသွားမည်ကိုလည်း စိုးရိမ်ရသည်။

No comments:

Post a Comment