Friday, November 25, 2016

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲများဖြစ်ပေါ်နေသောကြောင့် မန္တလေး-မူဆယ် ကုန်စည်ပို့ဆောင်မှု လုပ်ငန်းများနှင့် လူစီးယာဉ်များ အကန့်အသတ်မရှိ ရပ်နားထား

ရှမ်းပြည် နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲများ ဖြစ်ပေါ်နေမှုကြောင့် မန္တလေး-မူဆယ် ကုန်ပို့ဆောင် မှုလုပ်ငန်းများနှင့် လူ စီးယာဉ်များမှာ ရက်အကန့်အသတ် မရှိရပ်နားထားရကြောင်း အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှု လုပ်ငန်းရှင်များအသင်း မန္တလေးတိုင်း ဒေသကြီးမှ သိရသည်။ "အခုလက်ရှိ ကုန်စည်ပို့ဆောင် မှုလုပ်ငန်းတွေရပ်နားထားတယ်။ ချင်းရွှေဟော်ကိုတော့သွားကြတယ်။ ဒါပေမဲ့လည်း အဲဒီမှာက မူဆယ် ထက် ကုန်စည်စီးဆင်းမှုပမာဏ နည်းပါးတဲ့အတွက် အနည်းအကျဉ်း သာသွားကြတယ်။ မူဆယ်ဘက်ကို တော့ နည်းနည်း ပါးပါးပဲသွားကြ တယ်။ မူဆယ်ကလာတာပဲရှိတယ်။ မန္တလေးကတော့ လုံးဝမသွားတော့ ဘူး။ ရပ်နားထားတယ်။ တိုက်ပွဲကြောင့် ကုန်စည်စီးဆင်းမှုအချိန် တစ်ခဏ တာရပ်နားထားရပေမယ့် ကြာလာ ရင်တော့ ကုန်စည်စီးဆင်းမှုက ထိ ခိုက်လာနိုင်တယ်။ တိုက်ပွဲကအချိန် တိုအတွင်းမှာပြီးသွားမယ်ဆိုရင် တော့ ပုံမှန်ကုန်စည်စီးဆင်းမှုတွေ ပြန်လည် လုပ်ဆောင်သွားနိုင်မယ် " ဟု အဝေးပြေးကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှုလုပ်ငန်းရှင်များအသင်း မန္တလေးတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးမျိုး ဆွေက နိုဝင်ဘာ ၂၄ ရက်တွင် ပြော သည်။

မန္တလေး-မူဆယ်ကုန်စည်စီး ဆင်းမှုအပိုင်းတွင် နိုဝင်ဘာ ၁၉ ရက် ကတက်သွားသည့် ကုန်ကားများသာ ရှိနေပြီး လမ်းတစ်လျှောက် တွင် တိုက် ပွဲများကြောင့် ၁၉ ရက်နောက်ပိုင်း ထပ်မံသွားရောက် သည့်ကားများ မရှိ ကြောင်း သိရသည်။
" ကုန်စည်စီးဆင်းမှုမှာ ကုန်စိမ်း ကုန်သည်တွေရှိသလို ကုန်ခြောက် ကုန်သည်တွေလည်းရှိတယ်။ ကုန် စိမ်းကုန်သည်တွေ နစ်နာသလို ကုန် ခြောက်အပိုင်းမှာလည်း နစ်နာမှုတွေ ရှိတာပေါ့။ သွားလာလို့မ ရတော့ ပြည် တွင်းဈေးကွက်မှာလည်း ထိခိုက်လာ နိုင်သ လို တောင်သူတွေ အထိ ခံစား ရနိုင်တယ်။ တောင်သူ က ရောင်းတဲ့ အချိန်မှာ ဟိုကသွားမရလို့ မ၀ယ်နိုင် ဘူးဆိုရင် အလိုလိုနေရင်း ဈေးကကျ သွားမယ်။ ဒါကြောင့် အမြန်ဆုံး လမ်း ပြန်ပွင့်ဖို့ကလိုနေတယ် " ဟု သစ်သီးပွဲ ရုံမှ ပိုင်ရှင်တစ်ဦး က ပြောကြားသည်။
နိုဝင်ဘာ ၂၃ ရက်က ကွတ် ခိုင်-မူဆယ်လမ်းပိုင်းရှိ နန့်ပေါ်တံ တား နှင့် မော်တောင်းကျေး ရွာအကြားတွင် လက်နက်ကိုင်အဖွဲ့များမှ ကုန်တင် တွဲကားများအား လမ်းကန့်လန့်ခံပိတ် ဆို့ပြီး သော့ဖြုတ်သိမ်း၍ အသွား အလာပြတ်တောက်မှုမျိုးနှောင့်ယှက် ခဲ့သောကြောင့် ကုန်ကားများနှင့် လားရှိုး-မူဆယ်အတက်အဆင်း ယာဉ်စီးရေရာနှင့်ချီ၍ အချိန်လေး နာရီကျော်ကြာပိတ်မိမှုဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၂၄ ရက်တွင် အတက် လမ်းပြန်ပွင့်သွားခဲ့သည်။
ယခုအချိန်တွင် မန္တလေးမှ မူ ဆယ်သို့ ကုန်တင်ယာဉ်များ တက် ရောက်ခြင်း မရှိသကဲ့သို့ လူစီးယာဉ် များလည်း ရက်အကန့်အသတ်မရှိ ရပ်နားထားပြီး မူဆယ်ဘက်မှလည်း ကုန်တင်ယာဉ်နှင့် လူစီးယာဉ်များ ထွက်ခွာမှု အနည်း င ယ် ရှိသော်လည်း လမ်းပိုင်းများ၌ ရပ်တန့်ထားမှုများ ရှိ နေကာ လက်ရှိမူ ဆယ်ဘက်ခြမ်းတွင် လက်ကျန်ကုန်စည်များကို ထိန်း၍ ရောင်း ချနေသော် လည်း ဈေးတက် ခြင်းမရှိသဖြင့် ရောင်းဝယ်မှုကောင်း သော်လည်းရေရှည် တွင်အခက်အခဲ ဖြစ်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များ က ပြောကြားသည်။
MTK

No comments:

Post a Comment